Archive for April 2014
✔Pdf Maker v1.1 For Amdroid✔
✔Pdf Maker v1.1 For Amdroid✔
-မိမိတို့ရဲ့ gallery ထဲမှာသိမ်းထားတဲ့ photo ပုံတွေ
ကိုစုပေါင်းပြီး pdf file စာအုပ်အဖြစ်ပြုလုပ်ပေးမယ့်
"pdf maker v1.1"ဆိုတဲ့ android ဖုန်းသုံး
application တစ်ခုကို တင်ပေးလိုက်ပါပြီ-
-အသုံးပြုနည်းကလည်း အရမ်းလွယ်ကူပြီး မြန်ဆန်မှုရှိ
တာကို တွေ့ရပါတယ်-
User Guide
၁။အခုပေးထားတဲ့ဆော့ဖ်ဝဲကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
၂။ဒေါင်းပြီးရင်ဆော့ဖ်ဝဲကို installing လုပ်ပါ။
၃။ပြီးရင်ဆော့ဖ်ဝဲထဲကိုနှိပ်ပြီး ဖွင့်ဝင်ပါ။
၎။ကင်မရာချက်ခြင်းရိုက်ယူချင်ရင် အောက်ဘက် အလယ်နေရာက ကင်မရာပုံလေးကိုနှိပ်ပြီး ရိုက်ယူ
နိုင်ပါတယ်။
၅။gallery ထဲက ပုံတွေကိုရွေးလုပ်မယ်ဆိုရင်
အောက်ဘက်၊ဘယ်ဘက်ဘေးနားက ဂယ်လာရီပုံနဲ့
နေရာကိုနှိပ်လိုက်ပြီး ဂယ်လာရီအထဲက ပုံတွေကို
ကိုယ်လုပ်ချင်သလောက် အကုန် select ရွေး
အမှတ်ခြစ်တွေပေးပြီးတော့၊အောက်က
proceed to next ဆိုတဲ့စာသားနေရာကိုနှိပ်ပါ။
၆။ပြီးရင်အောက်က၊ညာဘက်နေရာက pdf ဆိုတဲ့
စာသားနေရာပုံလေးကိုထပ်နှိပ်ပေးလိုက်ပါ။
၇။"set your file name"ဆိုတဲ့ box ကွက်လပ်
နေရာလေးပေါ်လာပါမယ်။အဲ့ဒိအထဲမှာ ကိုယ်လုပ်မယ့်
pdf file နာမည်ကိုရေးထည့်လိုက်ပါ။
၈။ပြီးရင် ok ကိုနှိပ်ပေးလိုက်ပါ။
၉။"working please wait" ဆိုပြီး ခဏလေး
စောင့်နေပေးပါ။build လုပ်တာသိပ်မကြာပါဘူး။
ခဏလေးပါပဲ။
၁၀။ပြီးရင် back key နဲ့ အဆုံးထိပြန်ထွက်လိုက်ပါ။
၁၁။ပြန်ထွက်လိုက်ပြီးရင် ကိုယ့်ဖုန်းရဲ့ My File/
File Manager ထဲကိုဝင်ပြီး၊Image To Pdf
ဆိုတဲ့ folder ဖိုဒါလေးထဲဝင်လိုက်ရင် ကိုယ်ခုနက
ပြုလုပ်လိုက်တဲ့ photo ဓါတ်ပုံတွေဟာ pdf file
စာအုပ်အနေနဲ့ ရောက်ရှိနေပါလိမ့်မယ်။
(ပုံတွေကို pdf file ပြုလုပ်ခြင်းပြီးဆုံးပါပြီ)
-Apk File Size 1.8MB ရှိပြီး
-Android OS Version 2.2 နဲ့အထက်ရှိဖုန်း
များမှာ အသုံးပြုနိုင်ပါတယ်။
★Pdf Maker v1.1 ဆော့ဖ်ဝဲအား အောက်က
လင့်ခ်ကိုနှိပ်ပြီး ဒေါင်းလုပ်ရယူနိုင်ပါတယ်★
★APK အားဒေါင်းရန် လင့်ခ်★
★ဒီပို့စ်လေးကို စာအုပ်အဖြစ်ပြန်လည်ဖတ်ရှုလိုပါက
အောက်ကလင့်ခ်မှာစာအုပ်အားဒေါင်းယူလိုက်ပါ★
"ပြုလုပ်နည်းစာအုပ်အားဒေါင်းရန် လင့်ခ်"
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✔Image2 App v1.06 For Android✔ (ပုံတွေကို Apk လုပ်ထားမယ်)
-ဒီတစ်ခါတင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလေးကတော့
မိမိတို့ရဲ့ photo ပုံတွေကို apk အဖြစ် ပြုလုပ်လို့
ရစေမယ့် ဆော့ဖ်ဝဲလေးတစ်ခုကို တင်ပေးလိုက် ပါတယ်-
-ကိုယ်ကြိုက်နှစ်သက်တဲ့ပုံလေးတွေကို စုပြီးတော့
Apk ဆော့ဖ်ဝဲအဖြစ်ပြုလုပ်ထားရှိခြင်းဖြင့် မိမိကြည့်ရှုလိုတဲ့အခါမှာ ကိုယ်လုပ်ထားတဲ့ Apk
လေးထဲကို ဝင်ရောက်ပြီးတစ်စုတစည်းထဲ တွေ့မြင်
ရမှာဖြစ်ပါတယ်-
-ပုံတွေကို သူငယ်ချင်းတွေဆီ လက်ဆောင်ပို့ပေး
တဲ့အခါမှာ အခုလို Apk လေးပြုလုပ်ပြီးလက်ဆောင်ပေးတော့ ပိုပြီးလန်းတာပေါ့ဗျာ။
Apk ပြုလုပ်နည်းကလည်း လွယ်ပါတယ်။
Gmail အကောင့်န်တစ်ခု ရှိထားရပါမယ်-
-အရင်ဆုံးဒီဆော့ဖ်ဝဲလေးကိုဒေါင်းလုပ်ယူလိုက်ပါ-
၁။အင်တာနက်ဖွင့်ထားပါ။
၂။ဆော့ဖ်ဝဲထဲနှိပ်ဝင်ပါ။
၃။ညာဘက်အပေါ်ထိပ်ဒေါင့်နားက setting ပုံ
နေရာလေးကို နှိပ်ဝင်လိုက်ပါ။
၎။ အဲ့ဒိမှာ Join Image2 App နေရာကိုဝင်ပြီး
Gmail နဲ့ အကောင့်န်သစ်တစ်ခုလုပ်ပြီး Sign in ဝင်ပေးထားလိုက်ပါ။ပြီးရင် back နဲ့ပြန်ထွက်ပါ။
၅။ပြီးရင်အပေါ်ထိပ်နားက ခဲတံပုံနေရာကိုနှိပ်ပါ။
၆။Do You Want To Make A New App ဆိုရင် Ok ကိုနှိပ်လိုက်ပါ။
၇။App Name ဆိုတဲ့နေရာမှာ ကိုယ်လုပ်မယ့် ဆော့ဖ်ဝဲရဲ့နာမည်ကို ပေးပါ။
၈။Package Name ဆိုတဲ့နေရာမှာ ဘာမှမရေးပဲ
ဒီအတိုင်းထားလည်းရပါတယ်။
တကယ်လို့ package name မှာ ရေးချင်ရင်တော့
အရှေ့ဆုံးက com.ပြီးရင်ကိုယ်ထားချင်တဲ့နာမည်ရေး၊ပြီးရင် ဂဏန်းnumber ၁လုံးရေး၊ပြီးရင်
ဒေါ့တချက်ခံ၊ပြီးရင် appဆိုတာရေး၊ပြီးရင် ဂဏန်း
number ၁လုံးရေးလိုက်ပြီး ok ပေးလိုက်ပါ။
(ဥပမာ- com.kozaw1.app.2) အဲ့လိုမျိုးပါ။
၉။App Icon ဆိုတဲ့နေရာမှာ ကိုယ်လုပ်မယ့် Apk
ရဲ့ Logo ပုံကို ထားဖို့ ဂယ်လာရီထဲက နှစ်သက်ရာ
ပုံကိုရွေးပေးပြီး Icon ပုံထားပေးလိုက်ပါ။
၁၀။ပြီးရင် CONTENTS ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ။
၁၁။အဲ့ဒိမှာ Splash image တို့၊ကိုယ်လုပ်မယ့် ဆော့ဖ်ဝဲရဲ့ နောက်ခံ Background အရောင်တို့်
ကိုမိမိစိတ်ကြိုက်အရောင်ရွေးခြယ်လို့ရပါမယ်။
၁၂။ပြီးရင်အောက်က Add Images ဆိုတဲ့နေရာကို နှိပ်ဝင်လိုက်ပြီး ဂယ်လာရီထဲက ကိုယ်လုပ်မယ့် ပုံတွေကို တစ်ပုံခြင်းစီရွေးပေးပါ။
၁၃။ပြီးရင် back တချက်ထွက်လိုက်ပါ။
၁၂။PUBLISHER ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါ။
၁၄။အဲ့ဒိနေရာမှာ ဆော့ဖ်ဝဲလုပ်သူရဲ့ နာမည်တို့၊
website/blogspot ရှိရင်လည်း ကိုယ့်ဆိုဒ်ရဲ့
လိပ်စာတို့၊Gmail လိပ်စာတို့၊ဖုန်းနံပါတ်တို့်၊
message တို့၊introduce စကားတို့၊စသဖြင့်
ထည့်ထားပေးလို့ရပါတယ်။
ဘာမှမထည့်ချင်လည်း ရပါတယ်။
၁၅။ပြီးရင်တော့ ဘယ်ဘက်ထိပ်နားက
Edit wizard ဘေးက ခဲတံပုံနေရာကို နှိပ်လိုက်ပါ။
ok ပေးပါ။
၁၆။အဲ့ဒိမှာ My App List ဆိုတဲ့နေရာမှာ ကိုယ် ခုနက လုပ်ထားတဲ့ဆော့ဖ်ဝဲကိုတွေ့ရပါလိမ့်မယ်။
၁၇။အဲ့ဒိနေရာကိုလက်နဲ့ click တချက်နှိပ်လိုက်ပါ။
အဲ့နေရာမှာ Edit တို့၊Delete တို့၊Option တို့ကို
တွေ့ရမှာဖြစ်ပြီး၊ပြန်လည်ပြင်ဆင်တည်းဖြတ် နိုင်ပါသေးတယ်။တကယ်လို့ Edit မလုပ်ချင်တော့ပါက
ဘေးနားက Build စာသားနေရာကိုနှိပ်ပေးလိုက်ပါ
Start ကိုနှိပ်ပါ။
၁၉။Build ပြုလုပ်နေပါပြီ။
အင်တာနက်လိုင်းကောင်းနေဖို့တော့လိုပါတယ်။
Build ပြီးရင်သူ့ဟာသူ apk ကို download ဆွဲနေပါလိမ့်မယ်။Limit ပြည့်သွားရင် ကိုယ်လုပ်ထား
တဲ့ Apk လေးကိုရရှိမှာဖြစ်ပြီး မိမိဖုန်းပေါ်ကို install လုပ်နိုင်ပါပြီ။
ပုံတွေကို Apk အဖြစ်ပြုလုပ်ခြင်းပြီးဆုံပါပြီ
-ဆော့ဖ်ဝဲအား အောက်က လင့်ခ်မှာ
ဒေါင်းလုပ်ရယူပါ-
"ဒီပို့စ်လေးကို စာအုပ်အဖြစ်သိမ်းယူထားလိုပါက
အောက်က လင့်ခ်မှာဒေါင်းယူပါ"
★ပြုလုပ်နည်းစာအုပ်ဒေါင်းရန် လင့်ခ်★
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✔ကိုဇော်သွင်(သတင်းစုံ)Apk v1.0 For Android✔
-မိမိတို့ရဲ့ ဖုန်းလေးထဲကနေ ဒီ apk ကိုအသုံးပြုပြီး
နောက်ဆုံးရရှိထားတဲ့ ကမ္ဘာ့သတင်း၊မြန်မာ့ သတင်း၊သတင်းအစုံကို တနေရာထဲကနေ offline
အနေနဲ့ အဆင်ပြေပြေဖတ်ရှုလို့ရစေမယ့် ဆော့ဖ်ဝဲ
လေးတစ်ခုကို ရေးသားတင်ဆက်ပေးလိုက်ပါပြီ-
-နေ့စဉ် update တင်နေတဲ့ သတင်းဆိုဒ်များ၊pageများမှ သတင်းစုံကဏ္ဌများအပြင်၊
နာမည်ကြီးနည်းပညာဆိုဒ်များ
မှုခင်းသတင်းများ
ကျန်းမာရေး
ဆေးပညာ
လူမှုရေး
စီးပွားရေး
အချစ်ရေး
ဗဟုသုတ
ဖျော်ဖြေရေး
ကဗျာ
သုတ
ရသ
ဂီတ
အနုပညာ
ပန်းချီ
ဟာသ
မျက်လှည့်
သရဲတစေ၊ပေတလောကအကြောင်း
ဖုန်းဈေးနှုန်း
ဖုန်း ရောင်း/ဝယ်/လဲ
ဖုန်းသတင်းများ
ဒေါ်လာဈေး၊ရွှေဈေး
ကားဈေးကွက်
အိမ်၊ခြံ၊မြေ၊ဈေးကွက်
အလှအပရေးရာ
ဖက်ရှင်ရေးရာ
ရှေးဟောင်းဓါတ်ပုံစုစည်းမှုများ
ဘောလုံးပွဲအကြောင်း
ဘောပွဲခန့်မှန်းမှုများ
ရုပ်ရှင်၊ဗွီဒီယို၊ဇာတ်ကားများ
အွန်လိုင်းတီဗွီအစီအစဉ်များ
အင်္ဂလိပ်စာလေ့လာစရာများ
online shopping များ
နည်းပညာဂျာနယ်များဒေါင်းလုပ်ဆွဲရန်များ
အောင်ဘာလေထီ
၂လုံးထီ
၃လုံးထီ
မလေးရှား၎လုံးထီ ကြည့်ရှုရန်များ....
စသဖြင့် စုံစုံလင်လင် ပါရှိရေးသားထားတဲ့
ဆော့ဖ်ဝဲလေးတစ်ခု ဖြစ်ပါတယ်-
-User Interface အပိုင်းကိုလည်း Custom များနှစ်သက်စေရန်ရေးဆွဲထားပြီး၊နောက်ပိုင်း update များမှာလည်း ပိုမိုစုံလင်စွာ ထည့်သွင်းရေးသားပေးသွားမှာ ဖြစ်ပါတယ်-
-အင်တာနက် ၅မိနစ်၊၆မိနစ် ဖွင့်ထားလိုက်ရုံနဲ့ ကမ္ဘာ့၊မြန်မာ့သတင်းစုံများအပြင်၊အခြားအကြောင်း
အရာများကို စုံလင်စွာဖတ်ရှုလေ့လာ စေနိုင်မှာပဲ ဖြစ်ပါတယ်-
-အောက်က လင့်ခ်ကိုနှိပ်၍ ကိုဇော်သွင်(သတင်းစုံ)
application အားဒေါင်းလုပ်ဆွဲယူနိုင်ပါပြီ-
.
http://www.solidfiles.com/d/68b9fe8838/Kozawthwin_Multi_News_v1.0.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✔Secret Video Recorder Pro 18.2 For Android(Latest Version)✔
✔Secret Video Recorder Pro 18.2 For Android(Latest Version)✔
-မိမိတို့ဖုန်းလေးထဲကနေ တခြားသူမသိအောင်
ဗွီဒီယို ခိုးရိုက်ချင်သူများအတွက် အသုံးဝင်ဆော့ဖ်ဝဲ
တစ်ခုဖြစ်တဲ့...
"Secret Video Recoder Pro v18.2"
ဆိုတဲ့ နောက်ဆုံးထွက်ရှိလာတဲ့ application လေးတစ်ခုကို တင်ပေးလိုက်ပါပြီ-
- Full HD Mode ရုပ်ထွက်ပိုင်းကို (1920x1080)
အထိ ရိုက်ကူးနိုင်ခြင်း
- Custom icon ကိုလည်းရွေးခြယ်ထားရှိနိုင်ခြင်း
-ရိုက်ကူးလိုက်တဲ့ split video files တွေကို လည်း internal or external SD card ထဲသို့
ရွေးခြယ်ပြီး save လုပ်ထားနိုင်ခြင်း
- front and back camera အသုံးပြုပြီး ရိုက်ကူးနိုင်ခြင်း
- Advanced shutter mute options စနစ် ဖြစ်တာကြောင့် ရိုက်ကူးနေမှုကို တခြားသူ မသိစေနိုင်ခြင်း
- Talk on the phone while video recording ဆိုတဲ့ ရိုက်ကူးနေစဉ်မှာပါ ဖုန်းဝင်လာ
ပါက ရိုက်ကူးနေမှုမပျက်ပဲ ဖုန်းကိုလက်ခံပြောဆို နိုင်ခြင်း
-Click တချက်နှိပ်ရုံဖြင့် လွယ်ကူစွာ ရိုက်ကူး အသုံးပြုနိုင်စေခြင်း...
စတဲ့ စွမ်းဆောင်ရည်တွေ ပါရှိပါတယ်။
နောက်ဆုံးထွက် ဗားရှင်းဖြစ်တာမို့လည်း
အသုံးပြုလို့ကောင်းမယ့် features တော်တော်လေးပါဝင်လာတာကိုတွေ့ရပါတယ်-
-Apk File Size 387KB လေးပဲရှိထားပြီး
-Android OS Version 2.2 နဲ့အထက်ရှိတဲ့
ဖုန်းများမှာ ထည့်သွင်း installing လုပ်၍
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်-
-အောက်က လင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
.
https://www.solidfiles.com/d/d2e88bff22/secret_videorecorder_pro_v18.2_kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✔Viber Switch v1.0 For Android✔
✔Viber Switch v1.0 For Android✔
အင်တာနက်ဖွင့်သုံးနေစဉ် Viber ကို offline လုပ်ထားနိုင်သော Viber Switch for Android
Viber Switch.apk သည် Android ဖုန်း Viber user များအတွက် အင်တာနက် ဖွင့်သုံးနေစဉ် မိမိ viber ကို အလွယ်တကူ Online/Offline စိတ်ကြိုက်ထား၍ အသုံးပြုနိုင်သော app ဖြစ်သည်။
ဒီ apk ကို သုံးရန် သင့်ဖုန်းတွင် Viber ကို install လုပ်ပြီးသားဖြစ်ရမည်။ app ကို ဖွင့်၍ Offline ကို ကိုနှိပ်လိုက်ပါက သင့် viber သည် Offline ဖြစ်သွားပြီး စာ၊ ပုံ နှင့် Video ဖိုင်များ ၀င်တော့မည်မဟုတ်ပါ။ အင်တာနက် ဖွင့်ထားသော်လည်း တစ်ဘက်လူမှ သင့် viber ကို ကြည့်လျှင် Offline ဖြစ်နေမည်။
တစ်ဘက်မှ စာပို့သော်လည်း သင့်ထံသို့ စာမ၀င်နိုင်တော့ပါ၊ Delivered မပြတော့ပါ။app ကိုဖွင့်၍ Online ခလုတ်ကို ပြန်နှိပ်မှသာ သင့် viber ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပါမည်။
သတိပြုရန်မှာ Offline လုပ်ထားစဉ် viber ကို ဖွင့်လိုက်မိပါက Online ကဲ့သို့ဖြစ်သွားပြီး တစ်ဘက်မှ ပို့ထားသောစာများ ချက်ချင်း ၀င်လာလိမ့်မည်။အင်တာနက်သုံးပြီး Viber မှာ ပုန်း ချင်သူအများ အတွက် တွက်ခြေကိုက်ပါသည်။
Thanks to Viber, Original Ownerအသုံးပြုလိုပါက အောက်က လင့် မှာရယူနိုင်ပါတယ်။
.
https://www.solidfiles.com/d/1177f6faa5/viber_switch_v1.0_kozawthwin.apk
✔Mirror Apk v1.0.7 For Android✔
✔Mirror Apk v1.0.7 For Android✔
-ဒီတစ်ခါတင်ပေးလိုက်တာကတော့"မှန်" ဆော့ဖ်ဝဲ
လေးတစ်ခု တင်ပေးလိုက်ပါတယ်-
-အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးများ အပြင်သွားတဲ့အခါ "မှန်"မေ့ကျန်ခဲ့လို့ အလှပြင်ဖို့၊ဆံပင်
ဖီးသင်ဖို့အတွက် အခက်အခဲမဖြစ်ရလေအောင်
ဒီ apk လေးကို ဖုန်းပေါ်မှာ install ပေးထားလိုက်
ရုံနဲ့ အဆင်ပြေသွားစေမှာပါ-
-တစ်ခုရှိတာက ကိုယ့်ဖုန်းမှာ front ရှေ့ကင်မရာ
ပါထားဖို့တော့ လိုပါမယ်။
မေးစရာတစ်ခုရှိတာက "ဒါများဗျာ ဖုန်းက ကင်မရာ
ကိုဖွင့်ပြီးကြည့်လည်း ရတာပဲ"လို့ပြောနိုင်ပါတယ်။
ဟုတ်ကဲ့ အဲ့လိုမျိုးလည်းအဆင်ပြေပါတယ်။
ဒါမယ့် ဒီ apk လေးကိုအသုံးပြုပြီး မှန်ကြည့် မယ်ဆိုရင် တကယ့်မှန်ကို ကြည့်မြင်နေရသလိုမျိုး ကြည်လင်ပြတ်သားစွာနဲ့ ခံစားကြည့်ရှု လို့ရစေမှာပါ။
အမျိုးသမီးများအတွက်တင် မဟုတ်ပါဘူး။အမျိုးသား
များ ဝက်ခြံညှစ်၊ဆံပင်ဖီး၊ကိစ္စတွေမှာပါ အသုံးဝင်စေမှာပါ-
-Apk File Size 1.5MB ရှိပြီး
-Android OS Version 2.3 နဲ့အထက်ရှိထားတဲ့
ဖုန်းများမှာ ထည့်သွင်း install လုပ်၍ အသုံးပြုနိုင်
မှာဖြစ်ပါတယ်-
-အောက်က လင့်ခ်မှာဒေါင်းလုပ်ဆွဲယူနိုင်ပါပြီ-
.
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✔Facebook Unoffical v10.0.0.0.13(Android)✔
-Latest Update တွေကိုမှကြိုက်တဲ့ ဘော်ဒါများ
အတွက် Facebook Unoffical v10.0.0.0.13
တင်ပေးလိုက်ပါတယ်-
-အောက်က လင့်ခ်မှာဒေါင်းလုပ်ဆွဲယူနိုင်ပါပြီ-
.
https://www.solidfiles.com/d/82fbfdda0f/facebook_v10.0.0.0.13_unoffical_upload_kozawthwin.apk
-Apk File Size 20MB ကျော်ရှိပြီး၊
-Android OS Version 4.0 နဲ့အထက်ဖုန်းတွေ မှာထည့်သွင်း install လုပ်၍ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်-
-Android Version 4.0 ရဲ့အောက်၊v2.3.6 တို့ဘာတို့အစရှိတဲ့ဖုန်းတွေမှာတော့ ထည့်သွင်း install လုပ်လို့မရနိုင်ပါဘူး။version 4 ကျော်တဲ့
device တွေမှသာ အသုံးပြုနိုင်မှာပါ။
ဒါ့ကြောင့် ဒေါင်းလုပ်မဆွဲမီ၊မိမိဖုန်းရဲ့ ဗားရှင်းနဲ့
ချိန်ညှိပြီးမှသာ ဒေါင်းလုပ်ယူပါ-
-တကယ်လို့ Google Play Store ကပေးတဲ့
နောက်ဆုံးထွက် Offical ဗားရှင်း v8.0.0.26.24
ကို အသုံးပြုလို
ပါက အောက်က လင့်ခ်မှာဒေါင်းယူနိုင်ပါတယ်-
★Facebook Offical v8.0.0.26.24 Apk★
.
https://www.solidfiles.com/d/5518414848/facebook_offical_8.0.0.26.24.apk
"
အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
✔Facebook v10.0.0.0.6 (Beta)for Android✔
-ကိုဖေ့ဘွတ်တို့ကတော့ ထပ်လာပြန်ပြီ။
version 10.0.0.0.6 ဆိုပဲ။
ထွက်လည်းထွက်နိုင်တဲ့ Test Version တွေ။
ဘာပဲဖြစ်ဖြစ်ပေါ့၊Latest Updated တွေကိုမှ
ကြိုက်တဲ့ ဘော်ဒါများ စမ်းပြီး အသုံးပြုလိုပါက
အောက်က လင့်ခ်မှာဒေါင်းလုပ်ယူသွားလိုက်ပါ-
https://my.pcloud.com/#page=publink&code=bw8
message ပို့တာတို့၊
photo comment တို့၊video ဒေါင်းလုပ်တို့၊
share တို့၊feeling တို့ စသဖြင့် အဆင်ပြေ
ပါတယ်-
-Apk File Size 19MB ကျော်ရှိပြီး၊
-Android OS Version 4.0 နဲ့အထက်ဖုန်းတွေ မှာထည့်သွင်း install လုပ်၍ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်-
-Android Version 4.0 ရဲ့အောက်၊v2.3.6 တို့ဘာတို့အစရှိတဲ့ဖုန်းတွေမှာတော့ ထည့်သွင်း install လုပ်လို့မရနိုင်ပါဘူး။version 4 ကျော်တဲ့
device တွေမှသာ အသုံးပြုနိုင်မှာပါ။
ဒါ့ကြောင့် ဒေါင်းလုပ်မဆွဲမီ၊မိမိဖုန်းရဲ့ ဗားရှင်းနဲ့
ချိန်ညှိပြီးမှသာ ဒေါင်းလုပ်ယူပါ-
" အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ|
✔Bagan Keyboard v4.2 For Android✔
-ဧပြီ ၁၆ ရက်နေ့က updated အသစ်ထွက်ရှိ
လာတဲ့ "Bagan Keyboard v4.2" ဆိုတဲ့
Application လေးကိုတင်ပေးလိုက်ပါပြီ-
-အောက်က လင့်ခ်ကိုနှိပ်၍ဒေါင်းလုပ်ရယူပါ-
https://www.dropbox.com/s/j516hdx674y06q1/Bagan_Keyboard_Pro_v4.2.apk
What's New
New In Version 4
-One Handed Typing
-Myanmar Unicode
-Short cut dictionary
-Multi-touch fix
-Refurnished Setting Pannel
-Remove Shan Keyboard temporarily to export as a Plug in
Offline apk for v 3.2.3 including Shan Keyboard
[http://bitmyanmar.com.mm/mobile_app/BaganKeyboard_r41.apk]
**Please clear data if new update doesn't start properly.
**Please uninstall/re-install if installation doesn't start properly.
Additional information
Updated
16 April 2014
Size
Varies with device
Installs
100,000 - 500,000
Current Version
Varies with device
Requires Android
Varies with device
Content Rating
Everyone
" အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
✔DiskDigger Pro v0.994 For Android✔
-မိမိနေ့စဉ်အသုံးပြုနေတဲ့ Android ဖုန်းလေး အထဲက မှားပြီးဖျက်လိုက်မိတဲ့ ဖိုင်တွေကို ပြန်ပြီးရှာပေးမယ့် "DiskDigger Pro v0.994" ဆိုတဲ့ application လေးတစ်ခုကို တင်ပေးလိုက်ပါတယ်-
-ဒီ app လေးကို ကိုယ့်ရဲ့ဖုန်းထဲမှာ install လုပ်ပြီး ထည့်ထားလိုက်တာနဲ့အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မှားပြီးဖျက်လိုက်မိတဲ့၊photo တွေ၊songတွေ၊apk တွေ၊game တွေ၊အစရှိတာတွေကို
ပြန်ပြီးတော့ restore ပြန်ဆယ်ယူလို့ ရရှိစေနိုင်ပါလိမ့်မယ်။အခုဒီ DiskDigger Pro ဆိုတဲ့ ဆော့ဖ်ဝဲလေးကိုတော့ မိမိတို့်ဖုန်းပေါ်မှာ အရင်ဆုံး install လုပ်ပေးထားရမှာပဲ ဖြစ်ပါတယ်-
-သူ recover ပြန်ဆယ်ယူပေးနိုင်မယ့် format အမျိုးအစားတွေကတော့_________________
JPG, PNG, MP4 / M4A / 3GP / MOV, GIF, MP3, WAV, TIF, CR2, SR2, NEF, DCR, PEF, DNG, ORF, DOC / DOCX, XLS / XLSX, PPT / PPTX, PDF, XPS, ODT / ODS / ODP / ODG, ZIP, APK, EPUB.......
စတာတွေပဲ ဖြစ်ပါတယ်-
ဒီ apk ကိုအသုံးပြုဖို့ မိမိတို့ဖုန်းဟာ
"Root Access"ရရှိထားဖို့တော့လိုပါမယ်-
-Apk File Size 633KB လေးပဲရှိပြီး
-Android OS Version 2.2 နှင့်အထက် ရှိသော
ဖုန်းများမှာ ထည့်သွင်း installing လုပ်၍ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်-
-အောက်ကလင့်ခ်ကိုနှိပ်၍ဒေါင်းယူနိုင်ပါပြီ-
http://cdn.2safe.com/235199036120/disk_diggerpro_v0.994_kozawthwin.apk
" အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
✔အဝင်ဖုန်းကိုစက္ကန့် ၃၀ ကြာသည်ထိ မကိုင်ပါက အလိုလျောက်ဖြေကြားပေးနိုင်တဲ့ - Answer Call Apk✔
သင်္ကြန်နှစ်သစ်ကူးလက်ဆောင်အဖြစ် APK တစ်ခုရေးပေးလိုက်ပါတယ်…
မိမိဆီဖုန်းလာတဲ့အခါ စက္ကန့် ၃၀ ကြာသည်ထိ မကိုင်ပါက အလိုလို answer လုပ်ပေးပြီး တစ်ဘက်မှပြော စကားများကို recording လုပ်ပေးထားပါလိမ့်မယ်…Notication bar မှာလည်း ဘယ်ဖုန်းနံပါတ်က လာတယ်၊ ဘယ်ဖိုင်မှာသိမ်းထားတယ် ဆိုတာတွေ့ရပါမယ်…အဲဒီဖိုင်ကိုဖွင့်ပြီး တစ်ဘက်ကမှာထားသမျှပြန် ဖွင့်ပြီး နားထောင်နိုင်ပါတယ်…APK ၂ခု install လုပ်ရပါမယ်။ CallRecorder.apk နဲ့ AnswerCall.apk ဖြစ်ပါတယ်…
CallRecorder.apk က အခြားသူရေးထားတဲ့ APK ဖြစ်ပါတယ်…AnswerCall.apk နဲ့တွဲသုံးရမှာဖြစ်ပါတယ်…
အားသားချက်ကတော့ MPT ကို Voice mail အသုံးပြုခလစဉ်ကြေးပေးစရာမလိုပါ… အားနည်းချက်ကတော့ ဖုန်းလာတာကိုမသိလိုက်ဘဲ စက္ကန့် ၃၀ ကြာတဲ့အခါ အလိုလိုဖြေကြားပေးမှာဖြစ်တဲ့အတွက် မိမိဒီဘက်မှာ (မသိဘဲအမှုမဲ့အမှတ်မဲ့) ပြောဆိုနေမိသမျှ တစ်ဘက်ဖုန်းခေါ်သူကကြားသွားမှာဖြစ်ပါတယ်…
ချင့်ချိန်ပြီးသုံးကြပါ…
★AnswerCall App အားဒေါင်းရန်လင့်ခ်★
★CallRecoder App အားဒေါင်းရန်လင့်ခ်★
Credit to -ဆရာမထားထားဆန်းလွင်
"
အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
✔Phone Specifications v1.0 App For Android✔
-မိမိတို့အသုံးပြုနေတဲ့ ဖုန်းရဲ့ Specifications တွေကိုသိဖို့အတွက် ဒီ application လေးကို အသုံးပြုပြီး အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပါတယ်-
-Apk File Size 368KB ပဲရှိပြီး
-Android OS Version 2.2 နှင့်အထက်ရှိထား
သောဖုန်းများမှာ ထည့်သွင်း installing လုပ်၍ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်-
-အောက်က လင့်ခ် ကိုနှိပ်၍ဒေါင်းလုပ်ရယူပါ-
http://cdn.2safe.com/151145036118/phone_spec.v1.0.apk
Description
View your device specification
Phone Specs is the free application that reports about your device. Phone Specs can also report about your device's camera information.
System
Model, Manufacture, Resolution, Android version, etc.
CPU
Clock speed, cores, etc.
Memory
Total RAM, RAM Usage, Internal Storage, External Storage, etc.
Camera
Total number of cameras, back camera specs, front camera specs, etc.
Battery
Health, level, temperature, etc.
Network Mobile network type, Max speed, Download speed, upload speed, etc.
What's New
Support camera information
Additional information
Updated
14 December 2013
Size
368k
Current Version
1.0
Requires Android
2.2 and up
Content Rating
Everyone
" အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
✔Lovebyte App v1.4.1 For Android✔
Lovebyte ဆိုတာလေးနဲ့
နှစ်ယောက်တည်း ကမ္ဘာလေး
တည်ဆောက်ရအောင်။
နှစ်ယောက်ထဲကမ္ဘာလေး
တည်ဆောက်နိုင်အောင်Mail
တစ်ယောက်တစ်ခုဆီလိုပါတယ်။
Mail တစ်ခုနဲ့ ဒီ Lovebyte မှာ
အကောင့်န်လုပ်ရမှာပါ။
ကိုယ်ရဲ့mailနဲ့အကောင့်တစ်ခုဖွင့်။
သူရဲ့mailနဲ့အကောင့်တစ်ခုဖွင့်ပါ။
ပြီးရင်တော့
သူအကောင့်နဲ့ဆက်သွယ်ပေါ့။
အဲ့ဒါဆိုနှစ်ထဲကမ္ဘာလေး
တည်ဆောက်နိုင်ပါတယ်။
သူနဲ့ကိုယ်စချစ်လာခဲ့တဲ့နေ့
ကိုသာထည်ပေးလိုက်ပါ သူနဲ့ကိုယ်ချစ်လာတာဘယ်နှစ်ရက်
ရှိပြီးလဲဆိုတာကိုအတိအကျဖော်ပြလိမ့်မယ်။
တစ်ခုတော့ရှိတယ်။နှစ်ယောက်စလုံးမှာ
ဒီapkလေးဖုန်းထဲမှာ install လုပ်ထားဖို့တော့
လိုပါတယ်။ပြီးတော့အင်တာနက်လိုင်းလည်း
ချိတ်ဆက်ထားရပါမယ်။
အမှတ်တရဓာတ်ပုံလေးတွေလဲတင်နိုင်တယ်။
ဘယ်သူမှလည်း ဝင်ကြည့်လို့မရပါဘူး။
နှစ်ယောက်တည်းပိုင်တဲ့ကမ္ဘာလေးပေါ့။
-သုံးကြည့်မယ်ဆိုအောက်က လင့်ခ်
ကိုနှိပ်လိုက်ပြီး
ဒေါင်းလုပ်ဆွဲလိုက်ပါ-
http://cdn.2safe.com/233415036120/Lovebyte_v1.4.1_Kozawthwin.apk
What's New
*** LoveByte celebrates Valentine’s Day with the following updates ***
- Set reminder for your upcoming dates
- Time hop - Receive weekly (email) reminder of past moments you had with your partner!
- Other minor bug fixes & improvements
Thanks for all the support and stay loving with LoveByte!
Get in touch with us at support@lovebyte.us to help make LoveByte better - we can’t reply to Google Play reviews so we’d prefer to interact personally via email. We don’t bite! :)
Additional information
Updated
13 February 2014
Size
6.7M
Installs
100,000 - 500,000
Current Version
1.4.1
Requires Android
2.3.3 and up
Content Rating
Low Maturity
" အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
✔Facebook Videos Downloader v13.3 App for Android✔ (April,14th,2014 Updated App)
-facebook က video တွေကို ဒေါင်းယူချင် သူများအတွက် application ကောင်းလေး တစ်ခု တင်ပေးလိုက်ပါပြီ။ April,14th,2014 သင်္ကြန်အကျနေ့ ထွက်ရှိလာတဲ့ app လေးပါ-
-ဒီ app လေးကိုအသုံးပြုပြီး facebook ပေါ်မှာ တင်ထားတဲ့ movies တွေကို ဒေါင်းလုပ်ရယူနိုင်မှာပါ-
-အသုံးပြုရတာလည်း လွယ်ကူရိုးရှင်းပါတယ်၊
သူ့ရဲ့ အသုံးပြုနိုင်တဲ့ အသုံးဝင် features တွေကတော့___________________________
-ဖေ့ဘွတ်ပေါ်က friends တွေတင်ထားတဲ့ videos တွေကို မိမိဖုန်းရဲ့ sd card ထဲသို့ ဒေါင်းလုပ်ယူနိုင်ခြင်း၊
-မိမိဆီကို Tags တွဲပို့ထားတဲ့ videos တွေကို ဒေါင်းယူနိုင်ခြင်း၊
-fun page တွေက videos တွေကို ဒေါင်းလုပ်ယူနိုင်ခြင်း၊
-Groups တွေမှာတင်ထားတဲ့ videos တွေကို ဒေါင်းလုပ်ယူနိုင်ခြင်း
-မိမိ Album မှ videos တွေကို ပြန်လည် ဒေါင်းယုနိုင်ခြင်း၊
စတာတွေကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။-
-ဒါ့အပြင် လွန်ခဲ့တဲ့ ဘယ်နေ့၊ဘယ်အချိန်၊ဘယ်နှစ်နာရီ၊က တင်ထားတယ်ဆိုတာပါ ဖော်ပြပေးထားတာ ကြောင့် အသုံးပြုလို့ ပိုမိုအဆင်ပြေတာ ကိုလည်း တွေ့ရပါတယ်-
-Apk အသုံးပြုပုံကလည်း လွယ်ကူပါတယ်။
အရင်ဆုံး ဒီ app ကို အရင်ဒေါင်းလိုက်ပါ။
ဲပြီးရင် ဖုန်းပေါ်ကို install လုပ်ပါ။
အင်တာနက် လိုင်းကို ဖွင့်ပေးထားပါ။
ပြီးရင် ဒီဆော့ဖ်ဝဲထဲနှိပ်ဝင်ပြီး မိမိ fb account ကို log-in ဝင်ပေးပါ။
ပြီးရင် app home page ကိုမြင်ရပါမယ်။
အဲ့ဒိမှာ Tags တို့၊Friends တို့၊Like Page တို့်၊ Groups တို့က တင်ထားတဲ့ Videos တွေကို Date/time နှင့်တကွ မြင်တွေ့ရပါ လိမ့်မယ်။
ပြီးရင် ကိုယ်ဒေါင်းချင်တဲ့ video ကို click နှိပ် ပေးလိုက်ပါ။အဲ့ဒိမှာ video ကို လက်ရှိ Online ပေါ်မှာ Play မှာလား၊မိမိဖုန်းရဲ့ SD Card ထဲကို ဒေါင်းလုပ်ချ မှာလားဆိုတာကို ရွေးခိုင်းပါလိမ့်မယ်။
Online ပေါ်မှာ တိုက်ရိုက်ကြည့်ချင်ရင် Play နေရာကို click နှိပ်ပေးရမှာဖြစ်ပြီး၊မိမိဖုန်းရဲ့ SD Card ထဲကို Save ချင်ရင်တော့ Download ဆိုတဲ့နေရာကို click ပေးလိုက်ရ မှာပဲ ဖြစ်ပါတယ်။Download Limit ကို မိမိဖုန်းရဲ့ Notification Bar ကို ဆွဲချလိုက်ပြီး Limit ကိုကြည့်နိုင်ပါတယ်။
-ဒေါင်းလုပ်ပြည့်သွားပြီဆိုရင်တော့ back key နဲ့ ပြန်ထွက်၊အင်တာနက်လိုင်းပိတ်ပြီး မိမိဖုန်းရဲ့ Myfile/File Manager ထဲဝင်ကာ၊
FB Videos ဆိုတဲ့ folder ဖိုဒါထဲဝင်လိုက်ရင် ကိုယ်ဒေါင်းလိုက်တဲ့ Video ဖိုင်လေးကို တွေ့မြင်ကြည့်ရှုလို့ ရစေမှာပဲ ဖြစ်ပါတယ်-
-ဖေ့ဘွတ်က videos တွေကို တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ခြင်း၊ Design Interface လှပရိုးရှင်းခြင်း၊Play Or Download နှစ်သက်ရာပြုလုပ်နိုင်ခြင်း နှင့် ဖိုင်ဆိုဒ်သေးခြင်း၊လွယ်ကူစွာအသုံးပြု နိုင်ခြင်း တို့ကြောင့် ဒီ app ကိုအသုံးပြုတဲ့ User များအဖို့ ကျေနပ်မှုကို ရရှိစေနိုင်မှာပါ-
-Apk File Size 2MB ရှိပြီး
-Android OS Version 2.2 နှင့်အထက်ရှိ ထားသော ဖုန်းများမှာ ထည့်သွင်း install လုပ်၍ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်-
-အောက်က လင့်ခ်မှာဒေါင်းလုပ်ရယူလိုက်ပါ-
http://cdn.2safe.com/230210036120/facebook_videos_v13.8_by_kozawthwin.apk
What's New
Search for pages
In app purchase for removing ads
Video download from Facebook app working if your device has old version of Facebook application.
Usability issue with pages fixed
Additional information
Updated
14 April 2014
Size
2.0M
Installs
500,000 - 1,000,000
Current Version
13.8
Requires Android
2.3 and up
Content Rating
Low Maturity
" အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)