Friday, February 8, 2013

♥Google play ဝင်နည်း(၂)♥




google play store ကို android ဖုန်းနဲ့ဝင်ချင်သူများအတွက် ဒုတိယ မြောက် နည်းလေးဖြစ်ပါတယ်။အရမ်းကိုလွယ်ပါတယ်

ဗျာ။မြန်လည်းမြန်ပါတယ်။ ကဲ…စ မယ်…

    play store ကို ဝင်ဖို့အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲ တွေကတော့…

         (၁)play store(vending)

        

         (၂)market unlocker

         (၃)hotspot shield vpn

ဆိုတဲ့ ဆော့ဖ်ဝဲ ၃ ခုပါပဲဗျာ။အောက်မှာ link တွေပေးထားပါတယ်။ပြီမှ ဒေါင်းလိုက်ပေါ့ဗျာ။

★ဆော့ဖ်ဝဲ ၃ ခုလုံးကို ဒေါင်းပြီး install လုပ်ပါ။google play store ဆော့ဖ်ဝဲ ရှိထားပြီးတဲ့ ဖုန်းကတော့ play store(vending) ဆော့ဖ်ဝဲကို ဒေါင်းစရာ မလိုတော့ဘူးပေါ့ဗျာ။အားလုံးဒေါင်းပြီး install လုပ်ပြီးသွားရင် market unlocker ဆော့ဖ်ဝဲ ထဲကိုဖွင့်ဝင်လိုက်ပါ။Enable unlocker နဲ့ Auto unlocker ၂ ခုကို အမှန် ခြစ်ပေးလိုက်ပါ။superuser request တောင်းလာရင် allow ခွင့်ပြုပေးလိုက်ပေါ့ဗျာ။ပြီးရင် ပြန်ထွက်လိုက်ပါ။

နောက်ပြီး Hotspot Shield Vpn ဆော့ဖ်ဝဲ ထဲကို ဝင်ပါ။ continue ကို နှိပ်ပါ။ အဲဒိမှာ password လုပ်ခိုင်းရင် ကိုယ်ထားချင်တဲ့ password ၈ လုံး အတူတူ ၂ ခါရိုက်ထဲ့ပေးလိုက်ပါ။အဲဒိအခါ သူ့ဟာသူ connecting လုပ်နေပါလိမ့်မယ်။ အဲ သူ့ဟာသူ connecting မလုပ်ခဲ့ရင်တော့ မျှားအစိမ်းလေးနဲ့ Start Protection ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။connecting စတင်လုပ်နေပါလိမ့်မယ်။connected ဖြစ်သွားပြီဆိုရင် ဖုန်းရဲ့ notification ဘားမှာ Hotspot Shield VPN connected ဆိုပြီးသော့ပုံလေးကိုတွေ့ရပါမယ်။သူ့အောက်မှာလည်း Hotspot Shield Vpn connected ဆိုပြီး မျှား အစိမ်း လေး ဖြစ်သွားရင်တော့ connected ဖြစ်သွားပါပြီ။

ပြီးရင်တော့ back နဲ့ ပြန်ထွက်ပြီး play store(vending)ဆော့ဖိဝဲ ထဲဝင်လိုက်ပြီး Accept ဆိုတာနှိပ်ပေးပြီး မိမိတို့ သွားချင်တဲ့ google play store ဆီကို အောင်မြင်စွာနဲ့ဝင်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ် ခင်ဗျား။

   PLAY STORE(vending).apk 

 MARKET UNLOCKER.apk 

  HOTSPOT SHIELD VPN.apk 

3 comments:

  1. ♥ အဆင်မပြေတာရှိရင် comment ဝင်ရေးခဲ့ပါ♥

    ReplyDelete
  2. play store (vending).apk ကဘယ်ဟာကို ဒေါင်းဆွဲရမလဲအကို

    ReplyDelete
  3. အကို​ရေ Down မရဘူးဖြစ်​​နေဆယ်​ လုပ်​ပါအုံး ဗျာ
    remove ဆိုပြီြး​ပ​နေတယ်​ ရ​အောင်​လုပ်​​ပေးပါဗျာ oversea ​ရောက်​​နေလိုပါ ​ကျေးဇူးတင်​ပါတယ်

    ReplyDelete

zawthwin3@gmail.com