Posted by : Unknown Tuesday, August 6, 2013



August လ 1 ရက် 2013 မှစတင်၍ mobile phone မှတဆင့် အင်တာနက်လိုင်းကို တိုက်ရိုက် လျှောက်ထားနိုင်ပြီ ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဋ္ဌာန၊မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ Prepaid GSM/WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဆက်သွယ်ရေးဋ္ဌာနသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် မလိုဘဲ မိမိတို့အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှ တိုက်ရိုက်လျှောက်ထား သုံးစွဲနိုင်နေပြီ ဖြစ်သည်။ ♣ပြုလုပ်လျှောက်ထားပုံ♣ မိမိတို့၏မိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့လိပ်စာ တပ်ပြီး "Orderdata service" ဆိုသည့်စာသား အား ရေး၍ SMS ဖြင့် message ပေးပို့ရမည်ဖြစ်သည်။မပို့ခင်တွင် မိမိဖုန်းထဲတွင် ကျပ်ငွေ တစ်သောင်းကျော်ခန့် ဖြည့်သွင်းပေးထားရန် လိုပေသည်။အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်မှ ကျပ်တစ်သောင်းတိတိကို မြန်မာ့ဆက်သွယ်ရေးမှ နှုတ်ယူမည်ဖြစ်သည်။ ထိုသို့ "Orderdata service" ဆိုသည့်စာသားအား SMS ပို့ပြီး စက္ကန့် 30 လောက်အကြာမှာ 1234123 မှ မိမိ၏ဖုန်းထဲသို့ Dear customer,you ordered product service successfully!Please'restart your handset. လို့ဆိုပြီး message ပြန်ပို့လာပါလိမ့်မယ်။အဲ့လို message ဝင်လာပြီးပါက မိမိ၏ဖုန်းအား restart တဆင့်ပြန်ဝင်ပြီးလျှင် အင်တာနက် setting ချိန်၍ အင်တာနက်လိုင်းအားစတင်ပြီး အသုံးပြုနိုင်ပြီ ဖြစ်သည်။ ♣Samsung Phone Internet Setting Method♣ •••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••• ဖုန်းရဲ့  Setting ထဲနှိပ်ဝင်ပါ။ပြီးရင် Wireless and network ထဲထပ်ဝင်ပါ။ပြီးရင် Access Point Names ထဲဆက်ဝင်ပါ။ပြီးရင် Name မှာကြိုက်တာရေးထည့်ပါ။APN မှာ mptnet ဆိုပြီးရေးဖြည့်ပါ။ပြီးရင် Save ကိုနှိပ်ပေးလိုက်ပါ။ဒါဆို အင်တာနက်setting ချိန်ထည့်ပြီးပါပြီ။ Use Packet data ကို အမှန်ခြစ်ပေးရင် အင်တာနက်လိုင်းပွင့်ပါမယ်။အမှန်ခြစ်ကိုပြန် ဖြုတ်လိုက်ရင် အင်တာနက်လိုင်း ပြန်ပိတ်သွားပါလိမ့်မယ်။(သို့မဟုတ်)မိမိနှစ် သက်အဆင်ပြေရာ apk တခုခုကိုအသုံးပြု၍ data on/off ကို လုပ်နိုင်ပါတယ်။ ●ကိုဇော်သွင်(နည်းပညာ)●


fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -