Posted by : Unknown Friday, October 25, 2013

" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)" အာကာသထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေ၊ လုံခြုံစိတ်ချမှု မရှိ တဲ့အရာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။ ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။ ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့ "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။ Source - Live Science, Images from Gizmodo, iowntheworld mymclub

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -