Tuesday, December 3, 2013

Huawei ဖုန်း ၁၂ လုံးအတွက်​ Stock recovery ပြန်​သွင်းမယ်။

image

Credit To MMSD

Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။ ဒီမှာလာပြီ Huawei Stock Recovery Installer

Credit To MMSD

 ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်
Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်ကျွန်တော်
တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။
 Huawei Stock Recovery Installer
လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့
 Update Failed ဖြစ်ရတဲ့ ပြသနာက
တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့
 Update Failed
ဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။
1.U8650
2.C8650
3.U8661 Sonic+
4.C8800
5.C8810
6.C8812
7.U8818
8.U8950D
9.U8825D
10.C8825D
11.U8860
12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။

♥ Dropbox မှ ​ဒေါင်းရန်​♥

♥ box လင့်​ခ်​ မှ​ဒေါင်းရန်​♥

အဆင်​​ပြေ ပါ​စေ။

No comments:

Post a Comment

zawthwin3@gmail.com