Archive for July 2014
✏Advanced Download Manager Pro v3.5.9.6✏
-Android ဖုန်းအတွက် ဒေါင်းလုဒ်ဆွဲရာမှာ နာမည်ကြီးပြီး Grade Power တစ်ခုဖြစ်တဲ့ "ADM(Advanced Download Manager) ဆိုတဲ့ Latest PRO Version v3.5.9.6 Apk လေးတစ်ခုကို တင်ပေးလိုက်ပါပြီ-
-Facebook တို့၊Website တို့၊Blog တို့မှာ တင်ထားတဲ့၊ဗွီဒီယိုဖိုင်တွေ၊Data တွေ၊Links တွေ၊Ebook တွေ၊Pdf File တွေ၊Document တွေ၊အစရှိတာတွေကို လျှင်မြန်စွာနဲ့ တည်တည်ငြိမ်ငြိမ် ဒေါင်းလုဒ်ဆွဲပေးနိုင်မယ့် Download Manager Application လေးဖြစ်ပါတယ်။
ကိုယ်ဒေါင်းချင်တဲ့ လင့်ခ်ကိုလည်း boxလေးထဲ
copy ကူးထည့်ပြီး၊start ကိုနှိပ်၍လည်း
လွယ်ကူစွာဒေါင်းနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်
Resume Download အတွက်ပါ အထောက်ပံ့ပေးထားတာကြောင့် လည်း အသုံးပြုသူများ အဆင်ပြေအကြိုက် တွေ့စေမှာပါပဲ-
-ဒီ Application လေးကို Google Play Store မှာဝယ်ယူအသုံးပြုမယ်ဆိုရင် $1.99 ပေးဝယ်ရမှာဖြစ်ပြီး၊အခုဒီ post လေးမှာတော့ Free
ဒေါင်းလုဒ်ဆွဲယူသွားလို့ ရစေပါပြီ-
-Apk File Size 1.7MB လောက်ပဲရှိပြီး၊
Android OS Version 2.1 နဲ့အထက်ရှိထား
သော ဖုန်းများမှာ ထည့်သွင်း install လုပ်၌ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်-
ADM Pro
-Apk အား အောက်က လင့်ခ် မှာဒေါင်းယူပါ-
★ADM PRO v3.5.9.6 Apk အားဒေါင်းရန်★
http://www.solidfiles.com/d/1cbfecf765/AdvanceDownloadManager-Pro-v3.5.9.6-Kozawthwin.apk
✌ဒီ ADM Pro ဆော့ဖ်ဝဲနဲ့ဖေ့စ်ဘုတ်က video
တွေကိုဒေါင်းလုပ်ဆွဲလို့ရစေမယ့်
facebook version v3.9 apk လေးကိုပါတွဲပြီး
တင်ပေးလိုက်ပါတယ်။
တကယ်လို့မိတ်ဆွေက facebook အသုံးပြု
ရာမှာ၊ဗွီဒီယိုဒေါင်းလုပ်ကိုအသုံးများမယ်ဆိုရင်
တော့ စိတ်ချရတဲ့ဗားရှင်းတစ်ခုဖြစ်တဲ့ v3.9
apk ကိုအသုံးပြုနိုင်ပါတယ်။ဒီ v3.9 ကတော့၊
photo comment ပေးလို့မရပါဘူး။
ပြီးတော့ User Interface Design မပြောင်း
ပါဘူး။ဒါပေမယ့် Video ဖိုင်တွေကိုစိတ်ချလက်ချ Download ဆွဲလို့ရစေမှာပါပဲ။
fb v3.9 ကတော့Device အားလုံးနဲ့ကိုက်ညီမှု
ရှိပါတယ်။
အဲ့ဒိတော့ video download အသုံးများမယ်
ဆိုရင်တော့ v3.9 apk ကိုအောက်ကလင့်ခ်မှာ
ဒေါင်းလုပ်ဆွဲပြီးအသုံးပြုနိုင်ပါတယ်-
★Facebook v3.9 Apk အားဒေါင်းရန်★
http://www.solidfiles.net/d/124f11c3c0/facebook_v3.9.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Shwebook Dictionary Pro v3.3.0 App for Android✏
-မိမိတို့အသုံးပြုနေတဲ့ Android ဖုန်းလေး ထဲကနေပြီး Dictionary အသုံးပြုလို့ ရမယ့် Application လေးဖြစ်ပါတယ်။ကိုယ်သိလို တဲ့ စကားလုံး အကြောင်းအရာများကို English လိုပဲဖြစ်ဖြစ်၊Myanmar လိုပဲဖြစ်ဖြစ် ဒီ app လေးကို အသုံးပြုပြီး လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင်မှာပါ။
Words ပေါင်း 50,000 ကျော်ကို offline အနေနဲ့ ရှာဖွေပေး မှာပါ။
ပြီးတော့ Chinese တရုတ်ဘာသာစကား ကိုလည်း Translate လုပ်ပေးနိုင်ပါတယ်။အကြောင်းအရာတွေကို ရှာဖွေနိုင်ရုံတင်မကဘဲ၊ဘာသာစကား တွေကိုလည်း အသံထွက်ကိုပါ နားဆင်လို့ ရစေတာဟာလည်း ကောင်းမွန်ပြည့်စုံတဲ့ အချက်တစ်ချက်လို့ ဆိုရမှာပါပဲ။Chinese ဘာသာစကားကိုပါ အသံထွက် ပြန်ဆိုပေးနိုင်ပါတယ်။Chinese အသံထွက် ကို နားထောင်ချင်ရင်တော့ အင်တာနက် တချက်ဖွင့်လိုက်ဖို့တော့ လိုပါတယ်။Eng:to Myanmar /Myanmar to English ကတော့ လိုင်းဖွင့်ဖို့မလိုပါဘူး(off line) အသုံးပြုနိုင်ပါတယ်။
အဲ့ဒိတော့ကာ ဒီ application လေးကို
English,Myanmar,Chinese သုံးဘာသာ Dictionary App လို့ခေါ်ရမှာပါပဲ။
ကိုယ်ရှာဖွေထားတဲ့ Words တွေကိုလည်း History ထဲမှာ ပြန်ရှာကြည့်နိုင်ပါတယ်။
shwebook ဆိုဒ်က news တွေကိုလည်း ဒီ app ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဒီ app ကနေ latest update တွေ လုပ်ဆောင်နိုင်ပါတယ်။
ဒီ application ကို ရေးသားသူကတော့ မြန်မာ Developer ဖြစ်သူ"Ko Kyaw Kyaw" ပဲဖြစ်ပါတယ်-
-Apk File Size 4.6MB ရှိပြီး
-Android OS Version 2.2 နှင့်အထက် ရှိထားသော ဖုန်းများမှာ ထည့်သွင်း install နိုင်ပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.solidfiles.com/d/358abda6b4/Shwebook-Pro-v3.3.0-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Vault-HideSMS-Pics&Videos-v5.0.12.22(for android)✏
-မိမိတို့ android ဖုန်းပေါ်မှာ ရှိတဲ့ video file တွေ photo တွေ၊Sms massage တွေ၊contact
Facebook message တွေ၊
အားလုံးကို ဒီ vault ဆိုတဲ့ application လေးကို အသုံးပြုပြီး ဖွက်ထားလို့ သိမ်းဆည်းထားလို့ရပါတယ်။
App တွေကို Lock ချလို့ရတဲ့ Feature ပါ ပါဝင်ထားတာမို့လည်း User များ ကြိုက်နှစ်သက်စေမှာပါ။
အထူးသဖြင့်တော့ video file တွေဟာ သိပ်များနေရင်ကိုယ့်ဖုန်းရဲ့  internal memory store ပေါ်မှာလေးလံနေစေပြီး နောက်ထပ် file တွေ ထပ်ထည့်လို့မရေ့လောက်အောင်ဖြစ်တတ်ပါတယ်။
အဲဒိတော့ဒီ apk လေးထဲကို ပို့ပြီးသိမ်းထားလိုက်ခြင်းအားဖြင့် တခြားသူလည်း ဖွင့်ကြည့်လို့မရ လုံခြုံစိတ်ချရပြီး ကိုယ့်ဖုန်းလေးဟာလည်း ပေါ့ပါးနေစေမှာပါ။
အဲ ပြီးတော့ သူ့ရဲ့ အားသာချက်တစ်ခုကတော့
screen ပေါ်မောင်းတင်ထားတဲ့ သူ့ဆော့ဖ်ဝဲလ် လေးကို delete ဖျက်ပလိုက်မိရင်လည်းကိစ္စမရှိပါဘူး။
sd ကတ်ထဲက ပြန်ပြီး install ပြန်မောင်းတင်လိုက်ယုံနဲ့ ကိုယ်သိမ်းဆည်းထားတဲ့ data အချက်အလက်တွေကို ပြန်လည်ရ ရှိ တွေ့မြင်ရမှာပါ။
sd ကတ်ထဲက ဆော့ဖ်ဝဲကိုတော့ မဖျက်ပစ်နဲ့ပေါ့ဗျာ။
ပြီးတော့ နောက်တစ်ခုက ကိုယ့်မှတ်ထား ဖွက်ထားတဲ့ အချက်အလက် data တွေကိုလည်း online store မှာ သွားရောက် upload တင်ပြီး သိမ်းဆည်းနိုင်ပါသေးသဗျာ။
ဘယ်လောက်အဆင်ပြေပြီး အသုံးဝင်လိုက်သလည်းလို့။
ကျနော်ကတော့ဒီ apk လေးကိုစွဲစွဲမြဲမြဲ အသုံးပြု လျှက်ပါပဲဗျာ။
ကဲ ကဲ စကားပြောနေရတာလည်း တော်တော်လေးကြာသွားပြီဗျာ။
-Apk file size 2.8MB ရှိပြီး
-Android OS Version 2.0.1 နဲ့အထက်ရှိ
ဖုန်းများမှာထည့်သွင်း install ပြုလုပ်၍အသုံးပြုနိုင်
မှာပဲဖြစ်ပါတယ်။
-သုံးကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်ခ်မှာ
ဒေါင်းလုပ်ဆွဲယူနိုင်ပါပြီ-
http://www.solidfiles.com/d/63bb11780b/Vault-HideSMS-Pics&Videos-v5.0.12.22-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏NAPALM Software for (PC)✏
-ဒီ Software လေးဟာဆိုရင်Install လုပ်ပြီးတာနဲ့ကွန်ပြူတာပေါ်မှာ မီးတောက်စာတန်းတွေပေါ်လာမှာဖြစ်သလို
ကိုယ်ကလိရင် ကလိနိုင်သလောက်
မီးတောက်တွေကိုကိုယ်တိုင်ရေးဆွဲပြီး Desktop ပေါ်မှာလောင်ကျွမ်းနေအောင်ပြုလုပ်လို့ရနိုင်ပါသေးတယ်။
နောက်တစ်ခုက Desktop ပေါ်မှာတင်ထားတဲ့ Icon တွေပေါ်မှာ မီးလောင်နေအောင်လို့လဲ ပြုလုပ်နိုင်ပါသေးတယ်။
မိမိက မောက်စ်နဲ့ ပန်ချီဆွဲတာတော်တယ်ဆိုရင်တော့
မိမိကိုယ်တိုင်အရုပ်တွေစာတန်းတွေစသဖြင့်
ရေးဆွဲပြီး သိမ်းထားလို့ရပါတယ်။သုံးချင်တဲ့အချိန်ထုတ်သုံးရုံပါဘဲ။
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ယူနိုင်ပါပြီ-
http://www.solidfiles.com/d/a77a6f8932/NAPALMSetup.rar
NAPALM (freeware) lets you draw over your Windows desktop using animated fire ink, and tweak the fire generator parameters. Allows saving/restoring of artwork & style, import of bitmap files. Aside from leaving notes on your desktop, it's useless, thus absolutely necessary.
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Google Play Store v4.9.13 has arrived, download and install it [APK]✏
-Android ဖုန်းအသုံးပြုတဲ့မိတ်ဆွေများအတွက်
"Google Play Store v4.9.13"ဆိုတဲ့နောက်ဆုံးထွက် Latest version လေးတင်ပေးလိုက်
ပါပြီ။play store ကိုဝင်ရာမှာလည်းပိုမိုမြန်ဆန်
လာတာကိုတွေ့ရပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.solidfiles.com/d/f085676e4a/Google-Play-Store-v4.9.13-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏baidu-root v2.4.5 apk✏
-Android version v4.3 တွေကို
pc မလိုပဲ၊ဖုန်းထဲမှာတင်အောင်မြင်
စွာနဲ့Rootလုပ်ပေးနိုင်တဲ့
"baidu-root v2.4.5 apk"ဆိုတဲ့
နောက်ဆုံးထွက်ဗားရှင်းappလေး
တစ်ခုကိုတင်ပေးလိုက်ပါပြီ-
-baidu-easy-root v2.4.5
apkအားအောက်က
လင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
https://copy.com/7UAT62OLsgjKyEbU
-Root လုပ်ပြီးသွားရင်super user
apkကိုဖုန်းပေါ်ကိုinstallလုပ်ပါ။
super user apkကိုအောက်မှာဒေါင်း
လုပ်ယူလိုက်ပါ။
★DOWNLOAD super user v3.1.3 apk★
http://www.solidfiles.com/d/f4e886dccd/super-user-v3.1.3-Kozawthwin.apk
-Root Access ရ/မရကိုစစ်ဆေးပေး
မယ့်"Root Checker v5.1.6"apkကို
အောက်ကလင့်ခ်မှာဒေါင်းလုပ်ယူပါ-
★DOWNLOAD Root Checker v5.1.6★
http://www.solidfiles.com/d/a7a5243bc7/rootcheck-v5.1.6-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Ultimate Guitar Tabs & Chords v3.6.2 [Unlocked]Apk(for android)✏
-Ultimate Guitar Tab v3.6.2 App
လေးတစ်ခုတင်ပေးလိုက်ပါပြီ။-
-Chords တွေပါ ပြထားပေးတော့ ပိုပြီးအဆင်
ပြေပါတယ်။-
-သီချင်းအပုဒ်ပေါင်း ၆သိန်းကျော်ကို ရှာဖွေနိုင်ပါတယ်-
-အင်တာနက်လိုင်းအသုံးပြုရန်လိုပါတယ်-
-ဒီ app ကို Google Play Store မှာဝယ်ယူ အသုံးပြုမယ် ဆိုရင် $2.99 ပေးရမှာဖြစ်ပြီး ဒီမှာတော့ Free download ရယူနိုင်ပါပြီ။
-Apk File Size 10.3MB ရှိပြီး Android OS Version 2.1 နှင့်အထက် ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိုင်ပါပြီ-
-အောက်က လင့်ခ် မှာဒေါင်းယူလိုက်ပါ-
http://www.solidfiles.com/d/47205ff1a3/Ultimate-Guitar-Tabs&Chords-v3.6.2-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏TeraCopy Pro V2.3 Full Version(for PC)✏
-မိမိအသုံးပြုနေတဲ့ကွန်ပြူတာမှာ
copyကူးတဲ့speedကိုမြန်ဆန်စေ
ချင်ပါကဒီ"TeraCopy Pro V2.3"
ဆော့ဖ်ဝဲလေးကိုအသုံးပြုနိုင်ပါတယ်။
နောက်ဆုံးထွက်Full Version
ဆော့ဖ်ဝဲလေးဖြစ်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းယူလိုက်ပါ-
http://www.solidfiles.com/d/32e1099670/TeraCopy-Pro-v2.3-FullVersion-By-Kozawthwin.rar
Teracopy Pro 2.3 Full Serial Key – TeraCopy Pro 2.3 is developed to copy and move files at the highest achievable possible speed. It the requirement for bad files during the duplicating process, and then shows them at the end of the transfer so that you can see which types need attention. TeraCopy can instantly check the duplicated files for errors by determining their CRC checksum values. It also offers a lot more details about the files becoming copied than its Windows version. TeraCopy combines with Windows Explorer’s right-click menu and can be set as the default copy owner.
Some features of this software:Information transfer capability (Copy or Cut) faster than normal in WindowsPuse ability to transfer and resume the transfer of moment to the next PuseAbility to support multiple languages in the world including sweet Persian languageAbility to transfer information without regard to system errorsLow volume and full Unicode support andPlayback speedHas a simple and user-friendlyCompatibility with a variety of windows.
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Firefox base ( Security Testing Framework ) - (HconSTF)✏
- ဒီဆော့ဝဲလ်လေးဟာဆိုရင် Mozilla ရဲ့  Firefox Browser ကို အခြေခံထားတာဖြစ်ပြီး WEB အခြေပြု
Penetration Testing လုပ်ဖို့ အတွက် အကောင်းတစ်ကာအကောင်းဆုံးထဲက Best of the Best ဖြစ်ပါတယ်၊
Firefox ကိုအခြေထားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ Addons တွေကိုလည်းထပ်သွင်းထည့်လို့ 
ရမှာဖြစ်သလို Browser ကြီးပဲသုံးမယ်ဆိုရင်တောင် အင်တာနက်ကို မြန်ဆန်စေလို့  ရိုးရိုး Firefox ထက်
တော်တော်လေးကို အားသာတာတွေ့ ရပါတယ်၊
security testing stages မှာလည်းအများကြီး အသုံးဝင်ပါတယ်၊ ဒီဆော့ဝဲလ်နဲ့  လုပ်လို့ ရတာတွေကတော့
Web Penetration Testing
Web Exploits Development
Web Malware Analysis
Open Source Intelligence ( Cyber Spying & Doxing )
တို့ ပဲဖြစ်ပါတယ်၊
ဒီဆော့ဝဲလ်ဟာဆိုရင်
1. IT Security Professionals
2. Web Bug bounty Hunters
3. Web Developers
4. IT students or any one interested in IT security တို့အတွက်လည်းအင်မတန်မှအသုံး ဝင်ပြီး သင့်တော် ကောင်းမွန်ပါတယ်၊
Version Info :
Current version : 0.5 codename 'PRIME'
Type : Portable (no need to install , run from pendrive or any memory card)
Platform : Windows : XP , Vista , 7 both x32 & x64, 8, Linux (wine)
Linux : All Linux distributions are supported including Kali, Backbox, Blackbuntu, Weakerthan
Best of the Best ထဲကမှ ကျွန်တော်ပြောဖို့  မေ့သွားတာ ဒီဆော့ဝဲလ်လေးက ထာဝရ Open Source ပါ။
Portable Version ဖြစ်ပြီး USB drive လို memory stick or card တွေထဲမှာလည်း ထည့်ပြီး လိုတဲ့အချိန်
ထုပ်သုံးနိုင်မှာဖြစ်ပါတယ်၊
နောက်ဆုံးအနေနဲ့ ပြောချင်တာတော့ ဒီဆော့ဝဲလ်လေးဖြစ်မြောက်လာခြင်းရဲ့ အစ မူလဘူတ ဖန်တီးရှင်ကတော့ ကျွန်တော်တို့  မြန်မာနိုင်ငံရဲ့  Best if the Best Hacker Group တစ်ခုဖြစ်တဲ့
YGN Ethical Hacker Group ကဖန်တီးလိုက်တဲ့ Hackerfox အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.hcon.in/downloads.html
Credit:မြောက်ဒဂုံသား
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Window CD/DVD များ USB သို့ထည့်နည်း✏
- Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်တဲ့သူတွေအတွက်ပါ။
Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအတွက်တော့
တော်တော်လေးအဆင်ပြေမှာပါ။
ပြုလုပ်နည်းအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line)ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။
software တွေသုံးနေရင်အလုပ်ရှုတ်တာပေါ့။
cmd နဲ့ဆိုဘာမှမလိုတော့ဘူး။cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။စမ်းကြည့်ပါ။
ကဲ...စကြည့်ရအောင်......
-အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကိုကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။
ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ဒါမှမဟုတ် Window + R တွဲနှိပ်
Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်
အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ-
diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။cmd.exe ကို မပိတ်လိုက်နဲ့)
-ထိုနောက်ဝင်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB letter တွေကိုမှတ်ထားလိုက်ပါ။
ပြီးလျှင် cmd သို့ပြန်ဝင်။အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ။
xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။
ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ကဲ..ဒါဆို USB ကို computer ဆီထိုး
သွင်းပြီး window တင်လို့ရပါပြီ-
(Credit: မူရင်းရေးသူအားမမှတ်မိပါ။credit
ပေးပါသည်)
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏MM App Font Helper v1.0(android)✏
-G730-U00 ကဲ့သို့သော မြန်မာ App များအပေါ်တွင် ဇော်ဂျီမပေါ်သောပြသာနာကို
Auto ဖြေရှင်းပေးမဲ့ Android Application ဖြစ်ပါတယ်။
ဒီ App ကို အသုံးပြုဖို့ Root Access လိုအပ်ပါတယ်။
ပထမဆုံး App ကို စသွင်းခြင်းမှာ Syncing ကြာပါတယ်။
နောက်ပိုင်း App ကိုဖွင့်ပါက ထပ် Syncing လုပ်ရန်မလိုအပ်ပါဘူး။
မိမိ ပြုလုပ်လိုသော App ကို ဖုန်းအတွင်းသွင်းထားပါ။
ရွေးချယ်ပေးလိုက်ပါ။ Auto ပြုပြင်ပြီး အဆင့်သင့်အသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ ။ မြန်မာ App များသာရပါသည်။
-အောက်ကလင့်ခ်မှာဒေါင်းယူနိုင်ပါပြီ-
http://www.solidfiles.com/d/8c6e44bc67/MM-APP-FONT-HELPER-v1.0%7BuploadKozawthwin).apk
Additional information
Updated
17 July 2014
Size
45M
Installs
100 - 500
Current Version
1.0
Requires Android
4.0 and up
Content Rating
Everyone
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
Developed By Phyo Chan
Icon Design By Han Zaw Oo
Font By Kyaw Swar Twin
Product Of MMSD
✏SpeedConnect Internet Accelerator v8.0(for pc)✏
-အင်တာနက်လိုင်းကိုမူလထက်အနည်းငယ်
ကောင်းမွန်မြန်ဆန်လာအောင်speed up
ပြုလုပ်ပေးမယ့်" SpeedConnect Internet Accelerator"ဆိုတဲ့computerသုံးဆော့ဖ်ဝဲ
လေးတစ်ခုတင်ပေးလိုက်ပါတယ်။
full ဗားရှင်းအဖြစ်အသုံးပြုလို့အောင် activator
ပါထည့်ပေးလိုက်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ယူနိုင်ပါပြီ-
http://www.solidfiles.com/d/e7115e6160/Speed-Connect-Internet-Accelerator-v8.0-Kozawthwin.rar
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Hacker တစ်ယောက်ဖြစ်ရန်အခြေခံလိုအပ်ချက်များ✏
-ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။
တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။
တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။
သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။
နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ-
Credit:(ဘယ်သူ့ပို့စ်လည်းမမှတ်မိပါ။copy ကူးပြီးပြန်တင်ပေးလိုက်တာပါ။မူရင်းရေးသူ
အား credit ပေးပါသည်
✏Call Confirm PRO v2.05(for android)✏
-မိမိဖုန်းအနားမှာမရှိတဲ့အချိန်မျိုး၊တဖက်ကဖုန်း
call ဝင်လာတဲ့အခါမှာကိုယ့်ဖုန်းcallကိုကြားလူ
တစ်ယောက်ကဖြတ်ပြီးဝင်ကိုင်လို့မရအောင်
Lock ချထားပေးမယ့် application လေးတစ်ခု
တင်ပေးလိုက်ပါပြီ-
-Lock Passcode Number သိမှသာဖွင့်လို့
ရစေမှာပါ။bluetooth,contact,ussd request
များကိုပါအသုံးပြုခွင့်ရမှာပါ-
-အသုံးပြုနည်းကတော့လွယ်ပါတယ်။
၁။ဒီapkကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
၂။ဒေါင်းပြီးရင်apkကိုinstallလုပ်လိုက်ပါ။
၃။ပြီးရင်apkထဲဖွင့်ဝင်ပြီး၊Password protection ထဲဝင်၊Setup password
ထဲထပ်ဝင်ပြီး၊မိမိထားချင်တဲ့ password code
ကိုရေးပြီး၊saveကိုနှိပ်၊ပြီးရင် Call နဲ့ App start
နေရာမှာအမှတ်ခြစ်ပေးလိုက်ရုံပါပဲ။
-Apk file size 313KB လေးသာရှိပြီး
-Android OS Version 2.1 နှင့်အထက်ရှိတဲ့
ဖုန်းများမှာထည့်သွင်း installလုပ်၍အသုံးပြု
နိုင်မှာပဲဖြစ်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ယူနိုင်ပါပြီ-
http://www.solidfiles.com/d/5e5879d32f/Call-Confirm-PRO-v2.05-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Google Play Store v4.8.22 has arrived, download and install it [APK]✏
-Android ဖုန်းအသုံးပြုတဲ့မိတ်ဆွေများအတွက်
"Google Play Store v4.8.22"ဆိုတဲ့နောက်ဆုံးထွက် Latest version လေးတင်ပေးလိုက်
ပါပြီ။play store ကိုဝင်ရာမှာလည်းပိုမိုမြန်ဆန်
လာတာကိုတွေ့ရပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.solidfiles.com/d/8dc3699e05/Google-Play-Store-v4.8.22-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏ကွန်ပျူတာ Passwords မေ့လို့ဖွင့် မရခဲ့လျှင်✏
-ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်-
★နည်းလမ်း(၁)★
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key
ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။
★ နည်းလမ်း(၂)★
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
★ နည်းလမ်း(၃)★
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ-
Credit;
ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Flash Ring v2.1.3 Apk(for android)✏
-ဖုန်းcall ဝင်လာတဲ့အခါမှာflash မီးလေးလင်း
ပြီးအချက်ပြပေးမယ့် applicationလေးပါ။
flash မီးရဲ့speedကိုလည်းကိုယ်နှစ်သက်ကိုယ်
နှစ်သက်အလိုရှိသလိုချိန်ညှိနိုင်ပါမယ်။
ဒါ့အပြင် Sms အတွက်ပါလုပ်ဆောင်ပေးပါတယ်။
Stop flash after shake mode ပါဝင်တာကြောင့်၊လက်နဲ့ကိုင်လိုက်တာနဲ့လင်းနေတဲ့
flash မီးကိုရပ်သွားစေမယ့်function ထည့်
သွင်းပေးထားပါတယ်။ဒါ့အပြင် flash on
notification mode မှာလည်းကိုယ်ကြိုက်တဲ့
custom app များကိုထပ်မံရွေးခြယ်ပေးထား
ပြီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
ဒီ apkကိုအသုံးပြုနိုင်ဖို့အတွက်မိမိဖုန်းမှာ
flash မီးပါရှိရမှာဖြစ်ပါတယ်-
-Apk file size 224.8 KB ပဲရှိပြီး
-Android OS Version 2.2 နှင့်အထက်ရှိတဲ့
ဖုန်းများမှာထည့်သွင်းinstallလုပ်၍အသုံးပြု
နိုင်မှာပဲဖြစ်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.solidfiles.com/d/038a735d2e/Flash-Ring-v2.1.3-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Passport Photo Studio + Scrial (for pc)✏
-Passport Photo Studio ဆိုတဲ့ဆော့ဖ်ဝဲ
လေးတင်ပေးလိုက်ပါတယ်။ကျနော်တို့ Passport ရိုက်ဖို့ ဓါတ်ပုံတွေကို Edit ပြုလုပ်တဲ့အခါ Photoshop နဲ့ Passport ပုံတွေကို ပြုလုပ်ကျပါတယ်။
Photoshop ကျွမ်းတဲ့မိတ်ဆွေတွေအဖို့ Photoshop နဲ့ Photo တွေကို ၁၂ ပုံ တို့ ၈ ပုံတို့ ဖန်တီးလို့ရပါတယ်။မကျွမ်းကျင်တဲ့မိတ်ဆွေများကျတော့ တိုင်ပတ်တာပေါ့ဗျာ။အဲ့ဒိတော့ Passport Photo Studio လေးကိုသာဆောင်ထားဗျာ။
Photoshop တတ်စရာမလိုပဲ Passport Photo တွေကို ၁၂ ပုံ ၈ ပုံ တို့ ဖန်တီးရပြီးပေါ့ဗျာ။ဖိုင်ဆိုဒ်ကလဲ 1.4MB
လောက်ပဲရှိပါတယ်။
Full ဖြစ်အောင်လို့ အထဲ့မှာ Key လေးပါထည့်ပေးထားပါတယ်။
လုပ်ဆောင်ရတာအလွန်လွယ်ကူလို့ ပြန်တင်ပေးလိုက်တာပါ-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ယူနိုင်ပါပြီ-
http://www.solidfiles.com/d/454718481d/Passport.Photo.St1.51.Kozawthwin.rar
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Viber Hacker v2.0 Apk(for android✏
-viber ကိုhack တဲ့apkလေးများမရှိဘူးလား...
ဆိုပြီးခဏခဏမေးတဲ့မိတ်ဆွေများအတွက်
"viber hacker v2.0"ဆိုတဲ့hacker application လေးတစ်ခုကိုတင်ပေးလိုက်ပါပြီ-
-အဲ..တစ်ခုတော့ကြိုပြောထားမယ်နော်။
စမ်းချင်မှစမ်းပါ။မရလို့ဆိုပြီးဟိုပြောဒီပြောတော့
မပြောနဲ့ပေါ့ဗျာ..နော်။
ကျနော်စမ်းကြည့်တာတော့သိပ်အဆင်မပြေ
ဘူးဗျ။လိုင်းပဲမကောင်းလို့လား၊ဘာပဲမှားလို့
လည်းမသိပါဘူး-
-မိတ်ဆွေများစမ်းသပ်ကြည့်ချင်ပါကစမ်းနိုင်
အောင်လို့တင်ပေးလိုက်ရခြင်းပါပဲ။တကယ်လို့်
မိတ်ဆွေများစမ်းသပ်ကြည့်လို့အဆင်ပြေရင်
လည်း comment လေးတစ်ကြောင်းလောက်
ဝင်ရေးခဲ့ပါဦ။နောက်လူများလည်းသိရှိနိုင်
အောင်လို့ပါ-
-အသုံးပြုနည်းကတော့..........
(၁)အင်တာနက်လိုင်းဖွင့်ထားပေးရပါမယ်။
apk ကိုဒေါင်းပြီးဖုန်းပေါ်ကိုinstallလုပ်၍
viber hacker apk ထဲကိုဖွင့်ဝင်ပါ။
(၂)please wait ပေါ်လာမယ်ခဏစောင့်ပါ။
ပြီးရင် Enter Mobile Number စာသား
အောက်က box အကွက်ထဲမှာမိမိviber hack
မယ့်သူရဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးပါ။ရှေ့က 9 ခံ
ပေးရပါမယ်။ပြီးရင်အောက်က continue နေရာ
ကိုနှိပ်ပေးပါ။
(၃)နောက်တစ်မျက်နှာမှာတော့ call log တွေကို
ဟက်မလား၊chat ထားတာတွေကိုဟက်မလား၊
message တွေကိုဟက်မလားဆိုပြီးမေးလာပါ
လိမ့်မယ်။အဲ့ဒိအခါကိုယ်ဟက်ချင်တဲ့ function
လေးကိုရွေးနှိပ်ပေးလိုက်ပြီးအောက်က
Download Data နေရာကိုနှိပ်ပေးလိုက်ပါ။
-အဲ့ဒိအခါမှာကိုယ်ဟက်တဲ့သူရဲ့viber က
data တွေကို downloading လုပ်နေပါမယ်။
-Download limit 100% ပြည့်သွားခဲ့ရင်တော့
အချက်အလက်များကိုရရှိတွေ့မြင်ရမှာဖြစ်ပြီး၊
မအောင်မြင်ခဲ့ရင်တော့
"Downloading failed,please try again
later" ဆိုတဲ့စာတမ်းပေါ်လာမှာဖြစ်ပါတယ်။
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ။
ရ/မရ ဆိုတာလည်း comment ပြန်ရေးပေး
ခဲ့ပါဦး-
http://www.solidfiles.com/d/c85245b922/ViberHacker-v2.0-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Adope Photoshop CS5 Portable Full Version(for pc)✏
-ဒီAdope Photoshop CS5ကိုတော့ ဦးဇင်းတစ်ပါးတောင်းထားတာတွေလိုတင်ပေးလိုက်တာပါ။ဦးဇင်းကို Photo Shop Cs 5လေ့ကို တင်ပေးပါလားဆိုပြီးတော့ဘုန်းဘုန်းashinpinnyarvonsa
တောင်းထားလိုကျနော်တင်ပေးလိုက်တာပါ။ Adope Photoshop CS5 ကိုတော့ ကျနော်ကတော့ ဘုန်းဘုန်းမှာတစ်ပါးသော သူတို့သုံးနိုင်ရန်အတွက်ကျနော်ကတော့
အသုံးပြုတဲ့သူများ လွယ်လွယ်ကူကူ ရအောင်ဆိုပြီး Portable အဖြစ်တင်ပေးလိုက်ပါတယ်။ အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-
http://www.solidfiles.com/d/3234e4140c/Adobe_Photoshop_CS5_Extended_Portable_winhlaing.org.rar
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
Credit: ဝင်းလှိုင်(နည်းပညာ)
✏19July Apk v1.0✏
-ဂျူလိုင်လ ၁၉ရက်နေ့၊အာဇာနည်နေ့ကို
အောက်မေ့သတိရဂုဏ်ပြုတဲ့အနေနဲ့
ဆရာမထားထားစောလွင်မှ"19July"ဆိုတဲ့
android ဖုန်းအသုံပြု application လေး
တစ်ခုရေးသားပေးလိုက်တာဖြစ်ပါတယ်-
-ဒီ apk ကို ရတာနဲ့ ဖုန်းမှာ install and open လုပ်ထားပါ။ အခြားဘာမှထပ်လုပ်စရာမလိုဘဲ အာဇာနည်နေ့ နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဥသြသံထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဥသြသံပြီးတာနဲ့ ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေး
ပြုပါသည်ဆိုသည့် သီချင်းဆက်တိုက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အချိန်ကိုက်တပြိုင်နက်သံပြိုင်ဥသြသံထွက်ပေါ်စေရန် မြန်မာနိုင်ငံသားတိုင်း မမေ့မလျော့ install လုပ်ထားကြပါ-
-ကြိုတင်ခံစားကြည့်ချင်ရင်တော့ မိမိတို့ဖုန်းရဲ့ Date and Time ကို July 19
10: 35 လောက်ပြောင်းထားကြည့်ပါ-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
Credit; ထားထားစောလွင်
Internet download manger 6.21 build1(for pc)
-Internet Download Manager v6.21 build1
ဆော့ဖ်ဝဲတင်ပေးလိုက်ပါတယ်။
patch မချိုးတတ်တဲ့သူတွေအတွက်ကတော့ အရင်ဆုံး
IDM ရဲ့  SET UP File ကို run ပေးလိုက်ပါ။ အဲဒီအချိန်မှာ browser တွေကိုခဏပိတ်ပေး
ထားရမှာပဲဖြစ်ပါတယ်။
ပြီးရင်IDM Patch file ကို copy ယူပြီး start >; all program >;ကနေ >; idm ရဲ့  open file location ကိုဖွင့်ပြီး patch ဖိုင်လေးကို paste လုပ်လိုက်ပါ။IDM file ထဲမှာ patch ဖိုင်လေးရောက်ရှိနေပါလိမ်မယ်။အဲဒီ patch file ကို run as administer နဲ့  run လိုက်ပါ။ပြီးရင် patch ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးရင် အဆင်ပြေသွားပါပြီ။
firefox ပြန်ဖွင့် တာနဲ့  add-on ဆိုတဲ့အကွက်သေးသေးလေးမှာအမှတ်ခြစ်ပေးလိုက်ရင် IDM နဲ့မိမိဒေါင်းချင်တာကိုအမြန်ဆုံး
ဒေါင်းလုပ်ရယူနိုင်မှာဖြစ်ပါတယ်။
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.solidfiles.com/d/561ba4784b/IDM-6.21-build1-By-Kozawthwin.rar
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Text Now v2.8.4.3(for android)✏
-Free call နဲ့ message အပြင် voice mail
ပါအသုံးပြုလက်ခံတဲ့ application လေးပါ။
ဒီ apkလေးထဲမှာaccount လုပ်ထားလိုက်ရုံနဲ့
မိတ်ဆွေဟာ US/Canada ဖုန်းနံပါတ်တစ်ခုကို
ကိုယ်ပိုင်ရရှိအသုံးပြုနိုင်ပါလိမ့်မယ်။
၎င်းကိုယ်ပိုင်ရရှိထားတဲ့ဖုန်းနံပါတ်ကိုအသုံး
ပြု၍ facebook ကcomfirm codeပို့ပေး
တာတို့၊viber က activate code ပို့ပေးတာတို့
အစရှိတဲ့နေရာတွေမှာပါလျှင်မြန်စွာနဲ့လက်ခံ
ရရှိစေတဲ့ app တစ်ခုဖြစ်ပါတယ်။
-ဒီ Text Now မှာအကောင့်န်လုပ်ဖို့အတွက်၊
ပထမဦးဆုံးအကြိမ်မှာ vpn ဆော့ဖ်ဝဲတစ်ခုခု
ကိုချိတ်ဆက်ပေးထားရမှာဖြစ်ပါတယ်။
Freedom သော်လည်းကောင်း၊Tiger vpn
သော်လည်းကောင်း၊Droid vpn သော်လည်း
ကောင်း၊US/Canada Server ပါတဲ့မိမိနှစ်သက်
ရာvpn ဆော့ဖ်ဝဲတစ်ခုခုမှာအရင်ဆုံး
connected ဖြစ်အောင်လုပ်ပါ။
-ပြီးရင် Text Now apk ထဲကိုဖွင့်ဝင်ပါ။
-ညာဘက်ကCreate Account ကိုနှိပ်ပါ။
-NEW ACCOUNT INFO ဆိုတဲ့နေရာကို
ရောက်ပါမယ်။အဲ့ဒိမှာ
First Name ရေးပါ။Latest Name ရေးပါ။
Email ဖြည့်ပါ။
Age အသက်ဖြည့်ပါ။Gender နေရာမှာ
male(or)female ကျား/မ ရေးထည့်ပါ။
ပြီးရင်ကိုယ်လုပ်မယ့် username ရေးပါ။
ဥပမာ-kozawthwin@textnow.me
ပြီးရင် password ၈လုံးဖြည့်ပါ။
အားလုံးဖြည့်ပြီးသွားရင်အောက်ဆုံးနားက
Create ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ပါ။
Creating account လုပ်နေပါလိမ့်မယ်။
(တကယ်လို့ username သော်လည်းကောင်း၊
Gmail လိပ်စာသော်လည်းကောင်း၊လုပ်ထား
ပြီးသားဖြစ်နေရင်"အနီရောင်"mark လေး
ပြပါမယ်။အဲ့ဒါဆိုရင် username(သို့မဟုတ်)
Gmail လိပ်စာကိုပြန်ပြောင်းထည့်ပေးရပါမယ်)
Creating accountလုပ်နေပါပြီ
-ခဏကြာလို့နောက်တစ်မျက်နှာရောက်လျှင်
Aera Code ဖြည့်ပေးရပါမယ်။
Aera Code နေရာမှာ ဂဏန်းသုံးလုံးဖြည့်ပေး
လိုက်ပါ။ဥပမာ-999 ဆိုပြီးတော့ပါ။
ဂဏန်းသုံးလုံးဖြည့်ပြီး Next ကိုနှိပ်ပါ။
please wait ဆိုပြီး loading နေပါလိမ့်မယ်။
-ခဏကြာရင်တော့
Congratulations!Your new number is:
ဆိုတဲ့စာတမ်းနဲ့အတူ၊ကိုယ့်အတွက်ဖုန်းနံပါတ်
အသစ်တစ်ခုကို Text Now,ကထုတ်ပေးလိုက်
တဲ့နံပါတ်ကိုရရှိတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ရှေ့က country code ကတော့(+1)ဖြစ်ပါတယ်
-ပြီးရင်ဘယ်ဘက်ဒေါင့်ထိပ်နားကမျဉ်းသုံးကြောင်းနဲ့နေရာကိုနှိပ်ဝင်ကြည့်လိုက်မယ်
ဆိုရင် ကိုယ့်ရရှိထားတဲ့ဖုန်းနံပါတ်နဲ့အတူ
Home
Prifile
Store
Search
Setting
စတဲ့functional တွေကိုတွေ့ရမှာပါ။
-ဒီကောင်လေးရဲ့တစ်ခုအားသာချက်က
နိုင်ငံခြား US ဖုန်းနံပါတ်အသစ်တစ်ခုအပြင်
@textnow.me ဆိုတဲ့ texting address
ကိုယ်ပိုင်လိပ်စာတစ်ခုရရှိအသုံးပြုနိုင်တာပါပဲ။
အဲ့ဒိလိပ်စာကိုအသုံးပြုပြီး Gmail အစရှိတဲ့
မေးလ်ဆားဗစ်တွေကို၊mailပို့mailလက်ခံ
လုပ်ဆောင်လို့ရစေပါတယ်။ဒါ့အပြင်
၎င်းဖုန်းနံပါတ်ကိုအသုံးပြု၍ facebook
မှာလည်း lockကျတဲ့အခါ comfirm code
တောင်းခံဖို့အတွက်ထည့်ပေးပြီးအသုံးပြုနိုင်
မှာဖြစ်တဲ့အပြင် viber မှာလည်း activate
လုပ်လို့ရစေမှာဖြစ်ပါတယ်-
-Apk file size16.63MB ရှိပြီးတော့
-Android OS Version 2.2 နှင့်အထက်ရှိတဲ့
ဖုန်းနဲ့တက်ဘလက်များမှာထည့်သွင်း install
လုပ်၍အသုံးပြုနိုင်ပါပြီ-
http://www.solidfiles.com/d/9014ed7abc/TextNow-v2.8.4.3-Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
✏Memory stick ပြုပြင်နည်း✏
-ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်-
-သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format
ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-
-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-
-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)