Posted by : Unknown Wednesday, July 2, 2014

image

-ဖုန်းတွေကိုသုံးပြီး သင့်အကောင့်ကို password သိတဲ့ လူတောင်မှ ဝင်လို့မရအောင် Authenticator ကိုသုံးပြီး security code တဆင့်ခံထားလိုက်တာပါ။ Authenticator ရဲ့
အားသာချက်က သုံးတဲ့အချိန်မှာ ဘာ ဖုန်းဆင်းကဒ် မှ ဘာအင်တာနက်ကွန်နက်ရှင်မှ ရှိဖို့ မလိုပါဘူး ဖုန်း ချည်းသက်သက်ဆိုရပါပြီ ။နောက်ပီး အကောင့်တွေလုံး ကြိုက်သလောက်ထည့်သုံးလို့ရပါတယ် ဥပမာ-
gmail အကောင့်တွေ၊ facebook အကောင့်တွေ၊ teamviewer အကောင့် စသည်ဖြင့်ပေါ့။ Android အတွက် Authenticator apk ကို​အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ရယူထားလိုက်​ပါ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★


♧♧♧အသုံးပြုနည်း♧♧♧

၁။ ဖုန်းနဲ့ date/time နဲ့ location/select time zone ကိုတော့ မှန်အောင်ဖြည့်ပြီး Automatic provided တွေကို အမှန်ခြစ်ပေးထားလိုက်ပါ။

၂။ install လုပ်ပြီးဖွင့်လိုက်ပါ။

၃။ Begain > Enter provided key > Enter account name မှာ သင့်အကောင့်နာမည်ကိုထည့်ပါ။ google အကောင့်(သို့) gmail အကောင့် မှာသုံးမယ်ဆိုရင် ဥပမာ- kyawkyaw123@gmail.com လို့ဖြည့်ပါ။

၎။ အောက်က Enter your key နေရာကို ဖြည့်ဖို့အတွက် အပေါ်က နံပါတ် ၆။ မှာ အတိုင်း Browserကို ပြန်သွားပြီး accounts> Security > 2-step verification > Settings ကိုနှိပ်ဝင် > Switch to app > ပေါ်လာတာမှာ Android ဆိုရင် Android > Continue >

၅။ ပေါ်လာတဲ့ ဟာမှာ ဘားကုဒ်ရဲ့ အောက်မှာ Can't scan the barcode? ကိုနှိပ်ပြီး အောက်ပုံအတိုင်း ပေါ်လာတဲ့ ကုဒ်နံပါတ် ၃၂ လုံးကို မှတ်ပြီး Home key ကို ပြန်နှိပ်ပြီး အပေါ် နံပါတ် ၄။ က Enter your key ဆိုတဲ့နေရာမှာ ဖြည့်ပေးပြီး > Add/Next လိုက်ပါ >
၆။ ပုံအတိုင်း ပေါ်လာတဲ့ ကုဒ်နံပါတ် ၆ လုံးကို မှတ်ပြီး Back ပြန်ဆုတ်ပြီး Authenticator က ပြန်ထွက်ပါ။( အဲတိမှာ အစိမ်းဝိုင်းလေး လည်နေတာ တွေ့ပါလိမ့်မယ်။ အဲတိ အစိမ်းဝိုင်းလေး တပတ်လည် ပြည့်တဲ့အချိန်ထိ ပဲ ကုတ်နံပါတ် ၆ လုံးက အသက်ဝင် ပါလိမ့်မယ်။ နောက်တစ်ပတ်မှာနောက်ထပ် ဂဏန်းပြောင်းသွားပါလိမ့်မယ် )

၇။ Browserကို ပြန်သွားပြီး ခုနကုဒ်နံပါတ် ၃၂ လုံး ယူတဲ့ အောက်က Code တောင်းတဲ့နေရာလေးမှာ Authenticator က မှတ်လာတဲ့ကုဒ်နံပါတ် ၆ လုံးကိုဖြည့်ပြီး Verify and Save ကိုနှိပ်ပေးလိုက်ပါ။ ဒါဆို google အကောင့်အတွက် Authenticator ကို အသုံးပြုလို့ ရသွားပါပြီ။

၈။ facebook အကောင့်မှာသုံးမယ်ဆိုရင် Authenticator ကို ဖွင့်ပြီး ညာအပေါ် ထောင့်လေးမှာ Setup Account ကိုနှိပ်ပြီး Enter provided key> Enter account name မှာ www.facebook.com/kyaw.kyaw.3 လို့ဖြည့်ပါ။ မသိရင် သင့် facebook >settings> general > user name မှာ ကြည့်ပါ။

၉။ အောက်က Enter your key နေရာကို ဖြည့်ဖို့အတွက် Home key ကို ပြန်နှိပ်ပြီး Browser ကနေ သင့် facebook ကိုသွား > Settings > Security > Code Generator> Edit > Setup > ပေါ်လာတဲ့ ဘားကုတ်ရဲ့အောက်က secret key ၁၆ လုံးကို သွားကြည့် မှတ်ထားပြီး ခုနAuthenticatorရဲ့Enter your key နေရာကိုပြန်လာပြီး ဖြည့်ပြီး>Add/Next>လိုက်ပြီး ပေါ်လာတဲ့ ကုတ်နံပါတ် ၆ လုံးကို မှတ်ထားပြီး ခုန secret key ၁၆ လုံး ရဲ့ အောက်က Security code ဆိုတဲ့နေရာမှာ အဲ့တိ ၆ လုံးကို ထည့်လိုက်ပါ အမှန်ခြစ် လေးပြလာပါလိမ့်မယ် > Confirm ကို နှိပ်လိုက်ပါ။ ဒါဆို facebook အကောင့် အတွက် Authenticator ကို အသုံးပြုလို့ ရသွားပါပြီ။

၁၀။ သုံးနည်းကတော့ သင့်အကောင့်တွေကိုဝင်တဲ့ အချိန်မှာ password ရိုက်ပြီး နောက်တဆင့်မှာ code နံပါတ်တောင်းတဲ့နေရာမှာ အခု Authenticator ကို ဖွင့် ပြီး ပေါ်လာတဲ့ ကုတ်နံပါတ် ၆ လုံးကို ပဲ ဖြည့်ပေးလိုက်ရမှာဖြစ်ပါတယ်။

-Apk file size 1.8MB ရှိပြီး
-Android OS Version 2.2 နှင့်​အထက်​ရှိတဲ့
ဖုန်းများမှာထည့်​သွင်း install လုပ်​၍အသုံးပြု
နိုင်​မှာပဲဖြစ်​ပါတယ်​-

      အဆင်​​ပြေပါ​စေ။
            ကို​ဇော်​သွင်​(နည်းပညာ)

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -