Friday, October 17, 2014

ai.type Keyboard For iOS



ပုံမှာ ပြထားသလို Keyboard များကို Theme များပြောင်းလဲခြင်း၊ မိမိစိတ်ကြိုက် ရုပ်ပုံနောက်ခံများ ထည်သွင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။

လူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ အခြားလူအတွက် ကလေးဆန်တယ် ထင်ပေမယ့် ဒီလို ကိုယ့်စိတ်ကြိုက် ကိုယ်ကြိုက်သလို ပြောင်းလဲ အသုံးပြုရမှုကို ကြိုက်ကြပါတယ်။

ဒါ့ကြောင့် ဒီလို အသစ်အဆန်းတွေကို ကြိုက်သူတွေအနေနဲ့ iPad / iPhone / iPod တွေမှာ ပြောင်းလဲ အသုံးပြုနိုင်ပါပြီ။

ဦးဆုံး App Store ကနေ ai.type keyboard ကိုရှာထည့်နိုင်ပါတယ်။ သို့မဟုတ် ဒီလင့် ကနေ သွားရောက် Download လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။

ပြီးလျှင် မိမိ iPhone / iPad / iPod က Setting ကိုနှိပ်ပါ။ General ကိုသွားပါ။ Keyboard ကိုနှိပ်ပါ။ Keyboards ကိုဆက်နှိပ်ပါ။ အဲ့မှာ Add New Keyboard ကိုနှိပ်ပြီး ai.type ကိုရွေးပေးလိုက်ပါ။ ပြီးနောက် ai.type ကိုဆက်နှိပ်ပြီး Full ကို On ပေးပါ။ ဒါဆို iOS ရဲ့ ဆက်တင်ထဲမှာ ပြင်ပြီးသွားပါပြီ။

ထို့နောက် မိမိအသုံးပြုချင်တဲ့ ပုံစံ / Theme ကို ရွေးဖို့အတွက် ai.type keyboard app ကိုသွားလိုက်ပါ။ အဲ့မှာ Theme မှာ မိမိအသုံးပြုလိုတဲ့ Theme ကို ရွေးရုံပါပဲ။ နောက်ခံပုံကို ထည့်ချင်ရင်တော့ အဲ့မှာရှိတဲ့ Setting ကိုသွားလိုက်ပါ။ Display Background Image ကို ON လိုက်ပြီး အဲ့ပေါ်မှာပဲ ထပ်နှိပ်ပြီး မိမိ ထည့်ချင်တဲ့ ပုံကို ရွေးပေးနိုင်မှာ ဖြစ်ပါတယ်။

Be Sociable, Share!
ref;Apple4MM

  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)

No comments:

Post a Comment

zawthwin3@gmail.com