Apk Editor Pro ကိုအသုံးပြုပြီး Apk တွေကို မြန်မာမှု ပြု၊၊Apk ထဲက icon ပုံတွေကို စိတ်ကြိုက်ပုံစံလေးတွေပြောင်းလို့ရအောင် ရေးသားပေးလိုက်ပါတယ်၊၊
မြန်မာမှုပြုရင် Apk အားလုံးတော့ ရမှာမဟုတ်ပါဘူး၊၊icon ပုံကတော့ စိတ်ကြိုက်ပြန်Change ရင်အားလုံးအဆင်ပြေမှာပါဗျ၊၊
သိပြီးသားသူများအတွက် ကျော်ဖတ်သွားပါ၊၊မသိသေးသောသူများလုပ်တတ်စေရန် ရည်ရွယ်ချက်ပါဗျ၊၊
#အဆင့်(1)
Apk Editor Proကိုdownload ဆွဲပြီးဝင်လိုက်ပါ
#အဆင့်(2)
ကျွန်တော်ပြုလုပ်ထားတဲ့ ပုံလေးတွေ တွေ့ရမှာပါဗျ၊၊Facebook ကပုံတွေကို Change ထားတာပါ၊၊
#အဆင့်(3)
Frozen Keyboardကို ကိုယ့်စိတ်ကြိုက်ပုံလေးတွေနဲ့ပြောင်းထားတာပါဗျ၊၊
#အဆင့်(4)
ကျွန်တော့်ရဲ့ Frozen Zawgyi Keyboard ကိုကြည့်လိုက်ပါဗျ၊၊
#အဆင့်(5)
Apk Editor Pro ထဲသို့ဝင်လိုက်ပါ၊၊
#အဆင့်(6)
Select Apk From Appထဲသို့ ဝင်ပေးပါ
#အဆင့်(7)
ကိုယ်နှစ်သက်ရာ၊ပြုလုပ်မယ့် Apk ကိုရှာပါ၊၊
#အဆင့်(8)
String T အထဲက Boxတွေမှာ သူပေးထားတဲ့ English စာတွေကို အလျင်းသင့်သလို ဘာသာပြန်ပြီး မြန်မာမှုပြုတာပါ၊၊Boxတွေထဲကိုဝင်ပြီး တစ်ခုပြီးတစ်ခု ရေးသွားပါ၊၊
#အဆင့်(9)
Apk ထဲက ပုံတွေကို ပြင်ချင်ရင်တော့ Resource ထဲကို ဝင်လိုက်ပါ၊၊
#အဆင့်(9)
အဲဒီမှာ ဖိုင်တွေအများကြီး တွေ့ပါလိမ့်မယ်ဗျ၊၊drawable ပါတဲ့ဖိုင်ဆိုရင် အဲဒီကိုဝင်ပြီးတော့ စိတ်ကြိုက်ပုံတွေနဲ့ ပြောင်းနိုင်ပါတယ်ဗျ၊၊
#အဆင့်(10)
drawable ပါတဲ့ File တစ်ခုခုထဲသို့ ဝင်ပေးပါ၊၊.png နေရာတွေကို ပြောင်းလို့ရမှာပါဗျ၊၊png boxလေးကိုနှိပ်ပေးပါ
#အဆင့်(11)
png boxလေးကို နှိပ်ပေးလိုက်တာနဲ့ ကိုယ်ထားချင်တဲ့ပုံက ဘယ်ဖိုင်ထဲမှာ ရှိသလဲဆိုတာ ရွေးခြယ်ပေးပါ၊၊ပြီးရင်ဝင်လိုက်ပါ၊၊
#အဆင့်(12)
ကိုယ့်စိတ်ကြိုက်ပုံတွေရင် ပုံလေးကို တစ်ချက်ထောက်လိုက်တာနဲ့ box မှာ သွားပေါ်ပြီး ပြောင်းသွားပါလိမ့်မယ်၊၊
#အဆင့်(13)
drawable ရှိသမျှ ဖိုင်တွေထဲမှာ ရှိတဲ့ ကိုယ်Change ချင်တဲ့ပုံတွေကို Change ပေးပါဗျ၊၊အားလုံးစိတ်ကြိုက် Change ပြီးရင် ထောင့်နားက Save ကို နှိပ်ပေးပါဗျ၊၊
#အဆင့်(14)
Step 2/2 : Sign လို့ပေါ်လာပြီး ခဏ စောင့်နေလိုက်ပါ၊၊မြန်မာစာ Change ထားရင်တော့ 1က စမှာပါ၊၊
#အဆင့်(15)
အမှန်ခြစ်ပြပြီး
Succeed!
Apk saved ဘာညာဆိုရင် ကိုယ်ပြုလုပ်ထားတာလေး အောင်မြင်ပါပြီဗျ၊၊
Close ကို နှိပ်ပြီးထွက်လိုက်ပါ၊၊
ကိုယ်ပြုလုပ်ထားတဲ့ Apk ကို အသုံးပြုဖို့အတွက် အရင် install လုပ်ထားသော Apk ကို ပြန်လည် uninstallလုပ်ပြီးမှ ဝင်ရမှာပါဗျ၊၊
ဝင်ဖို့ရန် ကျွန်တော်တို့ ဖုန်းရဲ့ File Manager ထဲ သွားပါ၊၊
Internal ထဲဝင်လိုက်ပါ၊၊
အဲဒီမှာ Apk Editor ဆိုတဲ့ ဖိုင်ထဲ ထပ်ဝင်ပေးပါ၊၊
ဝင်လိုက်ရင် စောစောက ကျွန်တော်တို့ပြုလုပ်ထားတဲ့ Apk ကို တွေ့ရပါလိမ့်မယ်ဗျ၊၊
install လုပ်ပေးလိုက်ပါ၊၊
ဖုန်းမျက်နှာပြင်မှာ တစ်ခါတစ်လေ Icon ကမပြောင်းတတ်ပါဘူးဗျ၊၊
ဖုန်းကို Restart ပြန်လုပ်လိုက်ပါ၊၊icon ကို တစ်ချက်ပြန်ကြည့်ပါ၊၊ပြောင်းသွားပါလိမ့်မယ်ဗျ၊၊
ကဲ အဆင်ပြေကြပါစေဗျာ၊၊
သြော် တစ်ခုတော့ သတိပေးမယ်ဗျ၊၊
Apk Editor တာနဲ့ icon ပုံတွေအများကြီး Change ရင် သာမန် Apk ထက် File Size ကြီးမားလာတတ်ပါတယ်ဗျ၊၊
Apk Editor Pro ဒေါင်းရန်link
https://www.dropbox.com/s/ni20h5jbtqdaks3/APK%20Editor%20Pro.apk?dl=0
Apk Editor Pro အသုံးပြုနည်း pdf
https://www.dropbox.com/s/xh5lx3goxhmuy5n/Apk%20Editor%20Pro%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%94%E1%80%8A%E1%80%B9%E2%80%8B%E1%80%B8.pdf?dl=0
Apk Editor Pro အသုံးပြုနည်း MP4
https://www.dropbox.com/s/mlbu7xzpcd6uau1/Apk%20Editor%20Pro%20%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%94%E1%80%8A%E1%80%B9%E2%80%8B%E1%80%B8.mp4?dl=0
Admin% ရဲမင်းထွန်း(စလင်း)
Posted via Blogaway
No comments:
Post a Comment
zawthwin3@gmail.com