- Back to Home »
- Blogspot နည်းပညာများ »
- မိမိတို့ ဘလော့မှာ labels ထည့်နည်း link ချိန်နည်း အပြည့်အစုံ
Posted by : Anonymous
Sunday, December 7, 2014
ဒါလေးကို ခဏခဏ လာလာမေးနေကြ လို့ ပြန်တင်ပေးလိုက်ပါတယ်
မင်္ဂလာပါနော် ကျွန်တော်
ရေးသားမဲ့ အကြောင်းအရာလေးကတော့ ဘလော့ကာ အသစ် ညီငယ် ညီမငယ် အကို များ အတွက် အထူးတလည် လိုအပ်ချက်ဖြစ်တဲ့ ဘလော့တစ်ခုမှာလည်း မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်တဲ့ Menu လို့ခေါ်တဲ့ ခေါင်းစဉ်
ကဏ္ဍလေးကိုဘဲ ရေးသားမှာ ဖြစ်ပါတယ်… သည်နေရာမှာ
ကျွန်တော် အစအဆုံး အနေနဲ့ ဘလော့တခုမှာ
မူရင်းTemplate ကိုသုံးသူတွေအတွက်
လေဘယ်တွေ ထည့်နည်း လေဘယ်တွေနဲ့ Menu
တွေလင့်ဘယ်လိုချိတ်မယ်ဆိုတာတွေ ကိုသေခြာ အသေးစိတ် ရှင်းလင်း ဖေါ်ပြသွားမှာ ဖြစ်ပါတယ်…
Template ကိုဒေါင်းပြီး
ထည့်သွင်းအသုံးပြု သူတွေအတွက်လည်း ပါလာတဲ့ Menu တွေကို Html မှာ
လင့်တွေဘယ်လိုဝင်ချိတ်မယ် ဆိုတာ ကိုပါ သေခြာ စွာ ပုံလေးတွေနဲက ရှင်းပြသွားမှာဖြစ်ပါတယ်
ကဲ စကြမယ်နော်.....
မူရင်း TEMPLATE ပိုင်ရှင်များအတွက်
======================
( ၁ ) မထမဆုံးအနေနဲ့ ဘလော့မှာ Labels ထည့်ဖို့ မိမိတို့ ဘလော့ကို Sing In ၀င်လိုက်ပါနော်
မိမိတို့ ဘလော့ကာ ရဲ့ Layout ကိုဝင်ရမှာ ဖြစ်ပါတယ်... အပေါ်ပုံမှာ ပြထားသလို ၀င်ပေးလိုက်ပါ။
အိုကေ ရောက်တာနဲ့ အပေါ်ကပုံတိုင်းတွေ့ရပါမယ်...ဒါဆို Add a Gadget ဆိုတာလေးကို ကလ်စပေးလိုက်တာနဲ့ ဘောက်လေးတစ်ခုကျလာမှာ ဖြစ်ပါတယ် အဲဘောက်ထဲမှာဘဲ Lables ဆိုတာကို လိုက်ရှာလိုက်ပါ.. တွေ့ပြီဆိုတာနဲ့ အပေါင်းလက္ခဏာလေးကို ကလစ်ပေးလိုက်ပါ..
အပေါ်ကပုံလေးတိုင်းကျလာမှာ ဖြစ်ပါတယ် ဒါဆို မိမိတို့ဘလော့မှာ Labels တစ်ခုကို ရရှိပါပြီ...
ကျနော် မှင်နီ ၀ိုင်းပြထားသလို ထားပေးနိုင်ပါတယ် ရွေးချယ်မယ်ဆိုလည်းရပါတယ်နော်...
ပြီးတာနဲ့ SAVE ပေးလို့ရပါပြီ... ဘလော့ကို ကြည့်လိုက်ပါနော်....
ဘလော့မှာ
လေဘယ်တွေ အပေါ်ကတိုင်းတွေကနေရမှာ ဖြစ်ပါတယ်... အဲလို ခေါင်းစဉ်လေးတွေနဲ့
ဖြစ်နေဖို့ဆိုတာကလည်း မိမိတို့ ပို့စ်တင်စဉ်အခါက ညာဘက်မှာ labels
ဆိုတာလေးရှိတာ ကြည့်လိုက်ပါ အဲတာလေးကလစ်ပြီး ကိုယ်တင်တဲ့ ပို့စ်ရဲ့
အမျိုးအစားကို အမည်ပေးခဲ့ရတာပါ... ဥပမာအားဖြင့် ။ ။
ဆော့ဝဲလ်-ကဗျ-ဆောင်းပါး-
စသဖြင့်ပေါ့...
ကိုယ်တင်တဲ့ အကြောင်းရာနဲ့ ညီတဲ့ အမည်လေးတပ်ပေးထားခဲ့ရပါတယ်...ဒါမှလည်း
ခုကျနော်ပြတဲ့ ပုံလေးတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်....
ကဲ လေဘယ်ရပြီဆိုတာနဲ့.... ဘလော့များမှာ တွေကနေရတဲ့ အပေါ်က Menu Bar လေးကို ထည့်ကြမယ်... အဲထည့်ထားတာနဲ့ ခုလုပ်ပြီးသော Labels နဲ့ မှ လင့်ပြန်ချိတ် ကြမယ်..
( ၂ ) ဒုတိယအနေနဲ့ မူရင်း Template တွေမှာ မပါတဲ့ အပေါ်ဘားက ခေါင်းစဉ်တွေကိုထည့်ကြမယ်... အဲလိုအလွယ် ထည့်ဖို့ ကုဒ်တွေလိုအပ်ပါက
သည်နေရာလေးမှာ ၀င်ယူနိုင်ပါတယ်နော်....ကဲထည့်မယ်
အဲအတွက် မိမိဘလော့ Layout ကိုသွားပါ အပေါ်မှာ ပုံပြထားပါတယ်...
ရောက်တာနဲ့ မိမိတို့တွေကနေရတဲ့ Add a Gadget ဆိုတာကိုကလစ်လိုက်ပါ..
ဘောက်အလွတ်လေးတစ်ခုကျလာမယ်နော်...အဲထဲကိုမှ မိမိထည့်လိုတဲ့ Menu Style ကုဒ်တွေကို ထည့်ပေးလိုက်ပါနော်...အောက်မှာ ပုံလေးကြည့်လိုက်ပါ။
ရှင်းပါတယ်နော် ထည့်ထားတဲ့ ကုဒ်လေးတွေပါ... ဒါကို လင့်ချိတ်ကြမယ်နော်....
ကုဒ်တွေမှာ ခေါင်းစဉ်အမည် ထည့်ဖို့ နဲ့ လင့်ထည့်ဖို့ နေရာ ၂ ခုပါနေမှာပါ
နောက်က အမည်လေးတွေ မှာ မိမိတို့ အပေါ်ဆုံးက လ်ုပခဲ့တဲ့ labels ထဲကအမည်လေးတွေတိုင်း
အမည်တွေ တပ်ပေးလိုက်ပါ... သူ့ရှေ့မှာ မြင်နေရတဲ့ " # " နေရာလေးကတော့ လင့်ချိတ်ဖို့နေရာလေးဖြစ်ပါတယ်... ဘလော့ကို ဖွင့်ထားလိုက်ပါ အဲမှာ ရှိနေတဲ့ labels တွေကနေ လင့်ကိုယူကြမယ်...နော်....
လင့်ချိတ်ဖို့ အတွက် စောစောက လုပ်ခဲ့တဲ့ မိမိဘလော့ပေါ်က labels ကိုသွားလိုက်ပါ ရောက်တာနဲ့
လေဘယ်
တခုချင်းဆီကို ချိတ်ကြမှာ ဖြစ်ပါတယ်... အပေါ်ဆုံးတစ်ခုကို ချိတ်ပြမယ်...
ခေါင်းစဉ်အမည်လေးပေါ် မောက်တင် ညာကလစ်ပေးလိုက်ပါ ကျလာတဲ့ ထဲက
Copy Link Location ဆိုတာကိုကလ်စလိုက်တာနဲ့ မိမိတို့ လင့်ကို ယူလိုက်ပြီးဖြစ်ပါတယ်...နော်....
ဒါဆို အပေါ်ကပုံမှာ ပြထားသလို မိမိတို့ထည့်ထားသော ခေါင်းစဉ်ကုဒ်တွေ ဆီသွားလိုက်ပါနော်...
ပုံမှာ ပြထားသလိုပါဘဲ ကော်ပီယူလာတဲ့ လင့ိကို ကုဒ်ထဲက " # " ဆိုတဲ့ # နေရာလေးမှာ အစားထိုး Past ချပေးလိုက်ပါနော်... ဒါဆို အဲအမည်ရှိ ခေါင်းစဉ်တခုအတွက် လင့်ချိတ် လိုက်ပြီးဖြစ်ပါတယ်...
ကျန်သော
ခေါင်းစဉ်အမည် များကိုလည်း ထို့နည်းတူစွာ ကော်ပီယူ လာ
ပါတ်ချ...နည်းလမ်းနဲ့ ရှိသမျှ အားလုံး ချိတ် လိုက်လို့ရပါပြီ....
ပြီးတာနဲ့ ဆေ့လိုက်ပါ.. ဘလော့ပေါ်ပြန်ကြည့်ပါ... ချိတ်ထားသော
ခေါင်းစဉ်လေးကို ကလစ်ကြည့်ပါ... ကဗျာ ဆိုတာကိုချိတ် တယ်ဆိုပါတော့
ကလစ်ကြည့်ပါ မိမိတင်ထားသော ကဗျာ များသာလျှင် ကျလာမှာဖြစ်ပါတယ်...
အောင်မြင်ပါပြီနော်....
********************......................*********************
ဒေါင်းယူပြီး အစားထိုးသုံးသော TEMPLATE များအတွက်
===============================
နောက် ထပ်ရေးမှာကတော့ Template ကိုဒေါင်းပြီး အော်တိုပါလာတဲ့ Menu တွေကို HTML မှာဝင်ပြီး လင့်ချိတ်နည်းဘဲ ဖြစ်ပါတယ်.... သည်နေရာမှာ... အပေါ်က ချိတ်ခဲ့သလို အကုန် တူတူပါဘဲ
HTML
မှာဝင်ရတာဘဲကွာပါတယ် ကော်ပီယူတာ....ပါတ်ချတာ...အားလုံးဟာ...
အတူတူဖြစ်နေတာမို့ သိပ် မပြောတော့ဘူနော် လေရှည်တယ် ထင်နေမယ်..ေိေိ
သိသူများကပေါ့...
ဘလော့ကာ Layout ကနေတဆင့် Template ဆိုတာကလ်စ၀င်လိုက်ပါ...နော်
ရောက်တာနဲ့ Edit HTML ဆိုတာလေးကိုကလ်စ၀်ငလိုက်ပါ....
ဒါဆို မိမိတို့ အော်တို ပါလာတဲ့ MENU တွေကို ဘယ်လိုရှာကြမလဲ လွယ်ပါတယ်....
Ctrl + F ကိုနှိပ်ပေးလိုက်တာနဲ့ Search Box လေးကျလာမယ် ကျလာတာထဲကို Home ဆိုတာလေးရေးထည့်ပြီး Enter ကိုခေါက်ပါ ဘလော့မှာ မြင်နေရတဲ့ အော်တိုပါလာတဲ့ ခေါင်းစဉ် လေးတွေ မေတွ့မချင်း Enter ကိုဆက်ခေါက်ပေးလိုက်ပါ တွေ့တာနဲ့ ရပ်လိုက်ပါနော်..အပေါ်ပုံလိုပေါ့...ကဲ လင့်တွေ့တော့
အပေါ်ကနည်းလိုဘဲ ခေါင်းစဉ် အမည်တွေပေးမယ်.... နောက် လင့်ချိတ်မယ်ပေါ့.....
ပုံလေးကြည့်တာနဲ့
ရှင်းမယ်ထင်ပါတယ်... အပေါ်မှာလည်းရှင်းပြထားတော့ ထပ်မပြောတော့ပါဘူးနော်
သည်နေရာမှာ အထူးသတိထားရမှာကတော့ html ၀င်တဲ့ခါ ကုဒ်ဒင်းတွေ
အတိမ်းစောင်းမခံပါဘူး ကော်လံလေးတခု ပျက်ကျန်တာနဲ့ HTML ERROR တက်ပြီး
ပျက်တတ်ပါတယ်..သတိထားပေးစေလိုပါတယ်... လင့်တွေချိတ်ပြီးတာနဲ့ Preview
Template ဆိုတာကို ကလစ်ကလစ်ပြီး စစ်ဆေးလိုက်ပါ ပုံနဲ့တကွ
မြင်နေရမှာပါ..သေခြာပြီ ဆိုတာနဲ့
Save Template ဆိုတာကို ကလစ်ပေးလိုက်ပါနော်...
ဒါဆိုရင်တော့
ဘလော့မှာ ခေါင်းစဉ် မယ်ညု ထည့်သွင်းနည်း လင့်ချိတ်နည်းကို အသေးစိတ်
ပြီုးပြည့်စုံမယ်လို့ မျှော်လင့်ပါတယ်.... လိုအပ်ချက်များရှိခဲ့ပါက..
www.aungsanmks.com ရဲ့ချက်ဘောက်မှာ ဖြစ်စေ aungaungmks@gmail.com ကိုအပ်၍ဖြစ်စေ
အကူညီတောင်းဆိုနိုင်ပါတယ်...
ဘလော့ပညာများကို လေ့လာမိသမျှ ဆက်လက် ရေးသား မျှဝေနေပါမည်..
ဘလော့ခရီးသည်
အောင်အောင် ( မန်းကြီးစောက်)
ဒီပဲယင်း
Post a Comment