Monday, February 9, 2015

တကယ်တော့...

တကယ်တော့အရင်က ကျတော် စန္ဒယားတွေ ကီးဘုတ်တွေတီးစားတာပါ တစ်နေ့ ကျတော် စန္ဒယားတီးဖို့ တီးဝိုင်းတစ်ခုအသွား အဲ့ပွဲ က သံစဉ်အစုံ တီးရဆိုရတဲ့ပွဲပေါ့ အဲ့မယ်ကောင်လေးတစ်ယောက်က TV လိုလို တလုံးရှေ့မှာထိုင်ပီး အောက်က ကီးဘုတ်လို ခလုတ်တွေကို နှိပ်နေတာမြင်တော့မေးမိလိုက်တယ် ညီလေး အဲ့တာဘာလဲပေါ့ သူက အဲ့တာ ကျတော်တို့ နည်းပညာ သမားတွေအခေါ်ဝေါ် က ကီးဘုတ်ပါတဲ့ သူနဲ့စကားပြောနေရင်းကောင်လေးတစ်ယောက်ရောက်လာတယ် သူ့ကိုဆရာ Rock တပုဒ်ပြောင်းပေးဆိုပြီးးးအဲ့မယ်သူ့ကို ကျတော်ကြည့်တော့လည်း ထိုင်ခုံမှာ ဆရာကြီးစတိုင် ခန့်ခန့်ကြီးထိုင်နေတယ် အဲ့မယ် ကျတော်စဉ်းစားမိလိုက်တာ ငါလဲကီးဘုတ်တီး တာပဲ ဒီလိုဆို နည်းပညာ သမားဖြစ်ပီ ဆရာကြီးစတိုင် လုပ်လို့ရပီဆိုပြီး Huawei ဖုန်းလေးကို အသာယူကာ ကျတော့်အကောင့်မှာ ကိုဇော်သွင် (နည်းပညာ) လို့ပြောင်းခဲ့လိုက်တာပါပဲ

No comments:

Post a Comment

zawthwin3@gmail.com