Posted by : Unknown Wednesday, July 31, 2013

##########################
ကျွန်တော်တို့ မကြာသေးခင်က cookie တွေကို
ခြေရာခံ တဲ့အကြောင်းကြခဲ့ပါတယ်။နောက်ပြီး
ဥရောပ မှာဆိုရင် Website တွေမှာ cookie တွေသုံးထားတယ် ဆိုရင် သုံးထားတဲ့
ဆိုတဲ့ အကြောင်း လာလည်တဲ့လူတွေကို ရှင်းပြဖို့ ဥပဒေ ထုတ်ထားပါတယ်။Cookie ဆိုတာဘာလဲ?
Cookie တွေက  အန္တရာယ်ပေးနိုင်လားဆိုတာ ကို
ကြည့်ရအောင်။
Cookie တွေဟာ Browser တွေရဲ့ ရေးကြီးတဲ့ Feature တစ်ခုဖြစ်ပါတယ်။တကယ်လို့သင့် ဟာ Cookie
တွေကို Disable လုပ်လိုက်မယ်ဆိုရင် Website တွေမှာ Log In လုပ်လို့မရတော့ ဒါကို တွေ့ပါလိမ့်မယ်။
Cookie တွေဟာ အရေးပါပေမယ့် သူမှာလည်း အကောင်းနှင့် အဆိုး ရှိပါတယ်။

Cookie ဆိုတာဘာလဲ ?
×××××××××××××××××××××××××××××
Cookie ဆိုတာ Website တွေက သင့်ရဲ့ Computer မှာသိမ်းတဲ့ သေးငယ်တဲ့ အချက်အလက် တစ်ခုဖြစ်ပါတယ်။Cookie တွေမှာ စာသားက လွဲလို့ ဘာမှာ မပါပါဘူး။အဲ့ဒီ့ စာသားတွေက User ID ၊ Session ID (သို့) စာသားတွေကြည့်ပဲ ဖြစ်နိုင်ပါတယ်။ဥပမာ အနေနဲ့ Webpage တစ်ပေါ့ဗျာ။အဲ့ဒီ့
Webpage ထဲမှာ မမြင်နိုင်တဲ့ Link တွေရှိနိုင်ပါတယ်။အဲ့ဒီ့ Link တွေကိုမမြင်နိုင်အောင် cookie တွေက
လုပ်ပေးတာဖြစ်ပါတယ်။Webpage က Setting တွေနဲ့ Cookie တွေပေါင်းပြီး သင့်ရဲ့ Computer မှာ
သိမ်းတာဖြစ်ပါတယ်။နောင်တစ်ချိန်မှာ Webpage ကိုပြန် loading လုပ်ထားတဲ့ အခါ webpage က
သင့် computer မှာသိမ်းထားတဲ့ cookie ကိုသုံးပြီး မမြင်အောင်လုပ်ထားတဲ့ Link,Element တွေကို
မမြင်အောင် Auto လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ Cookie တွေကို Clear လုပ်လိုက်တယ်ဆိုရင် Login ၀င်ထားတဲ့ Website တွေကနေ
Logut ဖြစ်သွားပြီး Webpage မှာ သင်လုပ်ထားတဲ့ Setting တွေအကုန်လုံးကို Webaite က မှတ်မိတော့မှာ မဟုတ်တော့ပါဘူး။


သင့်ရဲ့ Browser ထဲမှာ အခုအချိန်မှာ Cookie တွေ ရာနဲ့ချီပြီး (သို့) ထောင်နဲ့ချီးပြီး ရှိနိုင်ပါတယ်။


Cookie တွေဘယ်လို အလုပ်လုပ်လဲ ?
×××××××××××××××××××××××××××××××
သင့်ရဲ့ Web Browser က Cookie တွေကို သင့်ရဲ့ Computer ထဲမှာ သိုလှောင်မှုတွေ နဲ့ စီမံခန့်ခွဲမှုတွေလုပ်ပါတယ်။Web Browser ရဲ့ Setting ကနေ Website တွေက သိုလှောင်ထားတဲ့
Cookie တွေကနေကြည့်လို့ရပါတယ်။(ဒါပေမယ့်လည်း Cookie တွေရဲ့ content တွေကို ရှောက်ကြည့်နေ
မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ဘူး။)တကယ်လို့ သင်ဟာ Web Browser ၂၊၃ လောက်သုံးတယ်ဆိုရင် Browser တစ်ခုစီ တိုင်းမှာ သူတို့ကိုယ်ပိုင် Cookie တွေထားပုံထားနည်း
အမျိုးမျိုးရှိပါတယ်။


Website တွေဟာ သူတို့ကိုယ်ပိုင် Cookie တွေကိုပဲ ကြည့်ခွင့်ပေးပါတယ်။ဥပမာ-Website တစ်ခုပေါ့
အဲ့ဒီ့ Website ကိုသွားတဲ့အခါ တစ်ခြား Website က Cookie တွေကို သူတို့ ကြည့်လို့မရဘူး။
အဲ့လို ကြည့်လို့မရတာကြောင့် သင့်က တစ်ခြား Website တွေမှာ Register လုပ်ထားတဲ့ Username နဲ့
Password တွေကို ခိုးတို့ဘာတို့ တစ်ခြား website တွေက မလုပ်နိုင်တော့ပါဘူး။


* အကောင်း *
×××××××××××××××××××

အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း cookie တွေဟာ အလွန်အရေးပါ အရာရောက်ပါတယ်။အခုချိန် မှာဆိုရင်
Cookie တွေမရှိရင် Web ဆိုတာလည်း မရှိနိုင်ဘူးလို့ပြောနိုင်ပါတယ်။။

Cookie တွေဟာ သင့်ရဲ့ Login State ကို သိုလှောင်ပေးတယ်။သူတို့သာမရှိရင် သင် Website တွေကို
Login မ၀င်နိုင်ဘူး။Cookie တွေက သင့်ကို သတိရနိုင်ပြီး သင့်ကိုဖော်ထုတ် နိုင်ပါတယ်။

Cookie တွေဟာ preference တွေကို Website တွေမှာ သိုလှောင်နိုင်ပါတယ်။Cookie တွေမရှိရင် သင်လုပ်ထားတဲ့ Website ရဲ့ preference setting တွေကို မပြောင်းနိုင်ပါဘူး။

Cookie တွေဟာ Website တွေပေါ်မှာ Content တွေကို Personalize လုပ်ဖို့ ထောက်ပံ့ပေးထားပါတယ်။ဥပမာ- Amazon ကနေဈေးဝယ်နေတယ်ဆိုပါဆို့ Login မ၀င်ထားရင်တောင် သင့် Browse လုပ်ထားတဲ့ကုန်ပစ္စည်း တွေနဲ့ အမျိုးအစားတူ ကုန်ပစ္စည်း တွေကို ပြပေးနိုင်တာဖြစ်ပါတယ်။

* အဆိုး *
×××××××××××××××××
သူ့မှာ လည်းစဉ်းစားဖွယ်ရာ အချက်တွေအများကြီးရှိပါတယ်။Web ပေါ်ကနေပြီး Advertiser တွေ နဲ့ ခြေရာခံတဲ့သူတွေဟာ သင့်ကိုခြေရာခံဖို့အတွက် cookie တွေအသုံးပြုနိုင်ပါတယ်။ဘယ်လိုလဲ ဆိုရင်
သင်က Website တစ်ခုကိုသွားတယ်ပေါ့ အဲ့ဒီ့ Website က Advertising Network တစ်ခုရဲ့ Script တစ်ခုကိုသုံးပြီး သင့်ရဲ့ Browser ထဲမှာ Cookie တွေကို နေရာချလိုက်တာဖြစ်ပါတယ်။နောက်တစ်ခါ
တစ်ခြား Website ကိုသွားတယ်ပေါ့ အဲ့ဒီ့ Advertising Network ကပဲ သင့်ရဲ့ Browser ထဲမှာ ခြေရာခံတဲ့
Cookie ကိုထည့်လိုက်ပြန်ပါတယ်။ပြီးရင် Cookie ရဲ့ တန်ဖိုးကို စစ်ပါတယ်။အဲ့ဒီ့အခါ Advertising Network က ဒီလူတစ်ယောက်ထဲကပဲ Website နှစ်ခုလုံးကို သွားတဲ့ လူဖြစ်တယ်ဆိုပြီး သိသွားပါတယ်။
ဒီနည်းနဲ့ Advertiser တွေကသင့်ကို ခြေရာခံတာဖြစ်ပါတယ်။

ဒီနည်းကိုသုံး ရတဲ့အချက်အလက်တွေပေါ်မှာမှုတည်ပြီး သူတို့က Website တွေမှာ ကြော်ငြာ ထည့်တာဖြစ်ပါတယ်။ဥပမာ -သင်က ကားအကြောင်း ရှာတယ်ပေါ့ နောက်ပိုင်းမှာ သင်က သတင်း Website ကိုသွားတယ်ဆိုရင် အဲ့ဒီ သတင်း Website မှာ ကားနဲ့ ပတ်သက်တဲ့ ကြော်ငြာ တွေ့နိုင်ပါတယ်။
အခုသင်ရောင်ရှိနေတဲ့ သတင်း Website နဲ့ ကြော်ငြာနဲ့က ဆက်စပ်မှုမရှိပါဘူး။သင် သတင်း Site ကိုမလာခင် က သွားခဲတဲ့ ကားနဲပတ်သက်တဲ့ site နဲ့ဆက်စပ်မှုရှိတာပါ။

ခြေရာခံတဲ့ Cookie တွေကိုသုံးတာ တစ်ခြား ရည်ရွယ်ချက်နဲ့လည်း သုံးကြပါတယ်။ဥပမာ- သင်ရဲ့ Browsing Data တွေကို တစ်ခြားသူကို ရောင်းတာတို့ဘာတို့လုပ်တတ် ကြပါတယ်။သင့်ရဲ့ Cookie တွေနဲ့ Browser တွေကို ဘယ်လို စီမံခန်ခွဲရမလဲ ဆိုတာကို C Cleaner ကို Pro တစ်ယောက်လို အသုံးပြုခြင်း မှာလေ့လာနိုင်ပါတယ်။



fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -