Posted by : Unknown Wednesday, July 31, 2013

Windows ကဘာကြောင့် RAM အကုန်လုံးကိုမမြင်တာလဲ

Computer တွေမှာ RAM ထည့်တာ တော်တော်လေးကို ရိုးရှင်းပါတယ်။ဒါပေမယ့် သူ့မှာလည်း
အခက်အခဲ တွေအများကြီးတွေ့နိုင်ပါတယ်။
Hardware ကြောင့်လည်းဖြစ်နိုင်သလို Software ကြောင့်လည်းဖြစ်နိုင်ပါတယ်။RAM အသစ်ထည့်တဲ့အခါမှာလည်း အခက်ခဲတွေ့နိုင်ပါတယ်။သင်သုံးထားတဲ့ RAM တွေအကုန်းလုံးကို Windows ကမြင်နိုင်ပါတယ်၊တကယ်လို့ သင် ဆိုက်ထားသလောက် RAM အကုန်လုံးကို Windows ကမမြင်ဘူးဆိုရင်  ပြဿနာရှိနေပါပြီ။




32-bit Windows ကိုသုံးနေတဲ့ အခါ

32-bit versions Windows တွေမှာ အနိမ့်ဆုံး Memory ကန့်သတ်ချက်တွေရှိပါတယ်။Windows 8, Windows 7, Windows Vista, and Windows XP တွေရဲ့ 32-bit Version တွေဟာ အများဆုံး RAM 4GB ပဲထောက်ပံ့ပါတယ်။တကယ်လို့ သင် မှာ 4GB ထက်ပိုတဲ့ Memory ရှိတယ်ဆိုရင် 64-bit Version ကိုပြောင်းသုံးသင့်ပါတယ်။

သင်အခု ဘယ် Windows Version သုံးနေလဲ ဆိုတာကို စစ်ဖို့အတွက် Start Menu ကိုသွားပါ။ပြီးရင် Search Box မှာ "System" လို့ရိုက်ပြီးရင် System ဆိုတဲ့ Option ကိုရွေးပေးပါ။( Windows 8 မှာ System ကိုမရွေးခင် Settings ကိုနှိပ်ပေးဖို့လိုပါသေးတယ်။)



Windows Version များက ကန့်သတ်ထားခြင်း။

32-bit Version နဲ့ 64-bit Version တို့ကသာ သင့်ရဲ့ RAM ပမာဏကိုကန့်သတ်ထားမဟုတ်ပါဘူး။သင်သုံးနေ Windows Edition တွေပေါ်မှာလည်း သူတို့ ကိုယ်ပိုင်ကန့်သတ်ထားနိုင်တဲံ့ ပမဏတွေရှိပါတယ်။ဥပမာဗျာ-တကယ်လို့သင်ဟာ Windows 7 Home Stater ကိုသုံးမယ်ဆိုရင် သင့်ကို အဲ့ဒီ့ Windows Version က RAM ကို up to 2GB အထိပဲပေးတယ်။နောက်တစ်ခု၊ Windows 7 Home Basic မှာဆိုရင် အများဆုံး RAM 8GB အထိပဲပေးတယ်။Windows 7 Home Basic 64-bit သုံးနေရင်တောင်မှ 8-GB ထက်ကျော်နေတဲ့ RAM တွေကို Support မလုပ်ပါဘူး။


Windows Version အလိုက်ကန့်သတ်ထားတဲ့ စာရင်းကို Microsoft ရဲ့ MSDN site မှာသွားကြည့်နိုင်ပါတယ်။Windows Edition ကိုကြည့်ချင်ရင် System Properties ထဲမှာ ကြည့်နိုင်ပါတယ်။



Memory က Internal Graphic Card (သို့) တခြား Hardware တွေကို ဝေစုခွဲပေးထားခြင်း။

Hardware componet တွေဟာ သူတို့ကိုယ်တိုင် RAM ကိုအသုံးပြုတတ်ကြပါတယ်။
ဥပမာ- Graphic Card တစ်ခုပေါ့၊အဲ့ဒီ Graphic Card တွေမှာ သူတို့ကိုယ်ပိုင် RAM ပါဝင်ပြီး၊Onboard Graphic တွေ (integrated graphic လို့လည်းခေါ်ပါတယ်) ဟာသင့်ရဲ့ RAM ကိုသူတို့ရဲ့ Video Memory အဖြင့် အသုံးပြုလေ့ရှိကြပါတယ်။နောက်ပြီး သင့် Computer က RAM ကို Network Hardware တို့လို Hardware တွေကိုလည်းခွဲဝေပေးတတ်ပါတယ်။အောက်ပုံမှာ ပြထားတဲ့ အတိုင်း 12 GB ရှိတဲ့ အထဲက 0.1 ကို Hardware တွေအတွက်ပေးထားပြီး 11.9 GB ကို Windows အတွက်ပေးထားပါတယ်။


သင့်ရဲ့ Motherboard က RAM ကို ကန့်သတ်ထားခြင်း။

ဟုတ်ကဲ့ Motherboard တွေကနေလည်း RAM တွေကို ကန့်သတ်ထားနိုင်ပါတယ်။သင့်ရဲ့ Motherboard မှာ Memory အချောင်းတွေ ဆိုက်ရင် ဆိုက်သလောက်Motherboard ကသုံးနိုင်တယ်လို့ မဆိုလိုပါဘူး။
သင်ဆိုက်ထား တဲ့ RAM တွေကို Motherboard ကအကုန်လုံးကို "တွေ့လား" ဆိုတာကိုကြည့်ဖို့အတွက် BIOS ထဲကိုဝင်ရပါမယ်။လုပ်နေကြ အတိုင်းပဲ Computer ကို Restart ချ ကျပြီးပြန်တတ်လာတာနဲ့ F2,Delete တို့ကိုနှိပ်ပြီး BIOS ထဲကို ၀င်ကြည့်နိုင်ပါတယ်။System Information ဆိုတဲ့ အပိုင်းကိုသွားပါ။(ကျွန်တော်တို့ အခုပြထားတဲ့ BIOS နဲ့ပုံစံချင်းတူချင်မှာလည်းတူမှာပါ။)
BIOS ထဲမှာတော့ သင်ထည့်ထားသလောက် RAM ကိုတော့ပြတယ် ဒါပေမယ့် Windows ကမမြင်ဘူးဆိုရင် ဒါက Windows နဲ့ဆိုင်သွားပါပြီ။တကယ်လို့ သင် ဆိုက်ထားသလောက် BIOS ထဲမှာ မပြဘူးဆိုရင် အရင်ဆုံး သင့်ရဲ့ Motherboard က RAM အများဆုံးဘယ်လောက်ထိ Support လုပ်တယ်ဆိုတာကို စုံစမ်းသင့်ပါတယ်။

RAM ချောင်း ကောင်းကောင်းအထိုင်မကျခြင်း

ပထမဦးဆုံး Computer ရဲ့ Power ကိုပိတ်လိုက်ပါ။(ပလက်ပေါက်က အစပိတ်ခိုင်းတာပါ)။ပြီးရင် Casing ကိုဖွင့်ပါ။RAM ချောင်းတွေကို ဖြုတ်လိုက်ပါ။(သတိထားပြီးဖြုတ်ပါ သူ့ဘေးမှာ RAM ကို
Lock ချထားတဲ့ ကလစ်တွေရှိပါတယ်။အဲဒါတွေကို အရင်ဖြုတ်ပါအုံး။)ပြီးရင် သေချာလေးပြန်ထည့် Lock တွေပိတ်တဲ့ အထိပေါ့။အထိုင်ကောင်းကောင်းကျပါစေ အထိုင်ကောင်းကောင်းမကျရင်
RAM ကို BIOS ထဲမှာ မြင်ရမှာ မဟုတ်ဘူး။

တစ်ချို့ဖြစ်ရပ်တွေမှာ RAM ကိုသူတို့နဲ့ သတ်ဆိုင်တဲ့ Slot မှာပဲ တပ်ရတာမျိုးရှိပါတယ်။မတပ်ခင် Motherboard ရဲ့ Manual ကိုအရင်ဖတ်ကြည့်ပါ။

RAM မကောင်းခြင်း။

တကယ်လို့ RAM နဲ့ ပတ်သတ်တဲ့ အခက်ခက်တွေကို တွေ့နေရတယ်ဆိုရင်  memtest86 လို Memory စစ်ပေးမယ့် Tool တွေကိုအသုံးပြုနိုင်သလို Built-in ပါတဲ့  Windows Memory Diagnostics Tool ကိုအသုံးပြုပြီး RAM တွေကောင်းကောင်း အလုပ်လုပ်လား မလုပ်လား စစ်ဆေးနိုင်ပါတယ်။

တကယ်လို့ RAM ကို TEST လုပ်တဲ့ အခါမှာ Fail လို့ပြနေတယ်ဆိုရင် RAM နှစ်ချောင်း ရှိတယ်အထဲက တစ်ချောင်းကို ဖြုတ်ပြီး ပြန်စစ်ပါ။အဲ့ဒီလို လုပ်ရင် ဘယ် Memory ချောင်းပျက်နေတယ်ဆိုတာ
သိနိုင်ပါတယ်။
သင့် ရဲ့ Windows က သင်ဆိုက်ထားသလောက် RAM ကို Windows ကမမြင်ဘူးဆိုရင် အပေါ်မှာပြထားတဲ့ အချက်တွေထဲက တစ်ခုလို့ဆိုနိုင်ပါတယ်။

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -