Posted by : Unknown Thursday, February 27, 2014

image

✔Viber က အချက်​အလက်​တို့၊မိမိ
ိဖုန်းထဲက အချက်​အလက်​​တွေကို တစ်​စုံတ​ယောက်​က ခိုးယူသိရှိ​နေပြီ
ဟု သံသယ ရှိ​နေရင်​✔

-viber က အချက်​အလက်​​တွေကို တခြားတစ်​​ယောက်​က hack ယူဖို့
ဆိုတာ
တော်​ရုံ အရည်​အချင်းနဲ့ hack လို့မရပါဘူး။
တစ်​ခုရှိတာက မိမိလက်​ရှိအသုံးပြု​နေတဲ့ ဖုန်းထဲကို
အသိတစ်​​ယောက်​​ယောက်​က ကိုယ့်​ဖုန်းထဲ က အချက်​အလက်​​တွေကို ခိုးယူလို့ရ​စေမယ့်​ hacking software လိုမျိုး၊apk လိုမျိုး၊email gmail က​နေ message ပို့ပြီး ခိုးယူဝင်​​ရောက်​ကြည့်​ရှုတာမျိုး ​တွေ လုပ်​လို့် ရတယ်​လို့​တော့ ကြားဖူးပါတယ်​။သ​ဘောက အဲ့ဒိ hacking software တစ်​ခုခုကို ကိုယ်​မသိတုန်း ဖုန်းကိုယူပြီး ထည့်​လိုက်​တာမျိုးတို့၊Gmail တို့၊Facebook Massage တို့က​နေ ကိုယ့်​အ​ကောင့်​န်​ကို မက်​စ်​​ဆေ့ အတုနဲ့ ပို့ပြီး log in ဝင်​ခိုင်းတာမျိုး တို့မှာ ကိုယ်​က ကိုယ့်​ရဲ့ Gmail အ​ကောင့်​န်​ဖြစ်​ဖြစ်​၊Facebook အ​ကောင့်​န်​ ဖြစ်​ဖြစ်​ username နဲ့ password ဝင်​​ပေးလိုက်​မိတာမျိုးတို့ဆိုရင်​ ကိုယ့်​အ​ကောင့်​န်​ကတဆင့်​ ကိုယ့်​ဖုန်းထဲက data ​တွေကို သူက ခိုးယူကြည့်​ရှုလို့ ရနိုင်​​စေ ပါတယ်​။

အဲ့ဒီ​တော့ ဘယ်​ကမှန်းမသိဘဲ ဝင်​လာတဲ့ ​မေးလ်​ ​တွေက ကိုယ့်​အ​ကောင့်​န်​ကို log in ဝင်​ခိုင်း၊ဖြည့်​ခိုင်းရင်​ မဖြည့်​ပါနဲ့။
ကိုယ်​အသုံးပြု​နေတဲ့ mobile ဖုန်းကို တခြားသူ ကိုင်​မရ​အောင်​၊ဖွင့်​မရ​အောင်​၊
password တို့ pin တို့ ခံထားပြီး Lock ချထားပါ။

-လက်​ရှိပြုလုပ်​ရမယ့်​နည်းလမ်းက​တော့.......

ဖုန်းကို factory data reset ချပစ်​ပါ။
factory data reset ချတယ်​ဆိုတာဟာ မိမိလက်​ရှိအသုံးပြု​နေတဲ့ ဖုန်း ကို data ​တွေ၊cache ​တွေ၊apk ​တွေ၊contact ​တွေ၊
message ​တွေ၊ဖိုင်​​တွေကို ဖျက်​ထုတ်​/ရှင်းထုတ်​ ပစ်​လိုက်​တာပဲ ဖြစ်​ပါတယ်​။
အဲ့ဒိအခါမှာ ကိုယ့်​ဖုန်း​လေးဟာ ဆိုင်​က ဝယ်​ယူခဲ့တဲ့အတိုင်း၊ကုမ္ပဏီထုတ်​ အတိုင်းပြန်​ ဖြစ်​သွားပါလိမ့်​မယ်​။

factory data reset မချခင်​မှာ မိမိ၏ အ​ရေးကြီး data ​တွေကို back up မှတ်​ထား/ပြုလုပ်​ထားပါ။အဓိက က​တော့ ဖုန်း contact ​တွေပါပဲ။ဖုန်းကွန်​တက်​​တွေကို SD ကဒ်​ရဲ့ Extarnal SD ထဲကို Export လုပ်​ပြီး ​ရွှေ့ ထား save မှတ်​ထားပါ။Update လုပ်​ပြီးသား apk ​တွေကို back up မှတ်​ထားချင်​ရင်​ နှစ်​သက်​ရာ back up ​ဆော့ဖ်​ဝဲတစ်​ခုခုနဲ့ မှတ်​ထားနိုင်​ပါတယ်​။
factory data reset မချခင်​မှာ လိုရမယ်​ရ zawgyi font charger apk၊ frozen keyboard / bagan keyboard တို့၊ အစရှိတဲ့ ကိုယ်​သုံး​နေတဲ့ ကီးဘုတ်​ apk ​တွေကို Extarnal SD ထဲကို ​ရွှေ့​ပေးထားပါ။

Viber Apk ကို Uninstall လုပ်​ပစ်​ပါ။

Factory data reset ချဖို့အတွက်​က...
-ဖုန်းရဲ့ setting ထဲကိုဝင်​ပါ။

-Privacy ဆိုတဲ့အထဲ ထပ်​ဝင်​ပါ။

-အဲ့ဒိမှာ Factory data reset ဆိုတဲ့ စာသား ​နေရာကို click နှိပ်​လိုက်​ပါ။

-format usb store ဆိုတဲ့​နေရာကို လုံးဝ အမှန်​မခြစ်​ပါနဲ့။ခြစ်​လိုက်​ရင်​​တော့ ရှိသမျှ အကုန်​ ကုန်​ပြီ​နော်​-

-ပြီးရင်​ ​အောက်​က reset phone ဆိုတဲ့ စာသား​နေရာကို click နှိပ်​​ပေးလိုက်​ရင်​ မိမိဖုန်း​လေးဟာ restart ကျသွားပါလိမ့်​မယ်
ပါဝါပြန်​တက်​လာရင်​​တော့ တဆင့်​ခြင်း click နှိပ်​​ပေးသွာပါ-

-အဲ့ဒိ​နေရာမှာ ဖုန်းတစ်​လုံးနဲ့တလုံးက မတူပါဘူး။တစ်​ချို့ဖုန်း​တွေက restart ကျပြီး ပါဝါပြန်​တက်​လာရင်​ မိမိဖုန်းရဲ့ home screen ကို တန်း​ရောက်​ပါတယ်​။
တစ်​ချို့ဖုန်း​တွေက​တော့ restart ကျပြီး ပါဝါပြန်​တက်​လာရင်​ home screen page ကို တန်းမ​ရောက်​ပါဘူး။device ကို အသက်​သွင်းတဲ့သ​ဘော setting ပြန်​ချယူရ ပါတယ်​။အဲ့ဒါက restart ကျပြီး ပါဝါပြန်​တက်​ လာရင်​ စက်​ရုပ်​ပုံ​ပေါ်ပါမယ်​။
အဲ့ဒိ စက်​ရုပ်​ပုံကို click နှိပ်​ပြီး အသက်​သွင်း​ပေးလိုက်​ပါ။ပြီးရင်​ google account နဲ့ဝင်​မလား​မေးမယ်​။back key နဲ့ တချက်​ဆုတ်​ပြီး မဝင်​ဘူးလုပ်​လိုက်​ပါ။
wifi ချိတ်​ထားရင်​​တော့ gmail account နဲ့ ဝင်​​ပေးလိုက်​ရင်​ home page ကို တန်း​ရောက်​ပါတယ်​။wifi မချိတ်​ထားရင်​​တော့ gmail မဝင်​​ပေးပဲ back key နဲ့ဆုတ်​၊အမှတ်​ခြစ်​​တွေ ဖြုတ်​​ပေး၊ပြီးရင်​ ok ဆက်​နှိပ်​​ပေးလိုက်​ပါ။Language ဘာသာ စကားကိုလည်း တရုတ်​စာဖြစ်​​ ​နေရင်​ US တို့ Eng: တို့ကို ​ပြောင်းပလိုက်​ပါ။
ပြီးရင်​ ok ဆက်​နှိပ်​​ပေးလိုက်​ရင်​ ဖုန်းရဲ့ home screen page ကို ​ရောက်​ရှိပါမယ်​။

အဲ့ဒိ​တော့မှ Extranal SD ကဒ်​ထဲမှာ ​ရွှေ့ မှတ်​ထားတဲ့ ဖုန်းနံပါတ်​ contact တို့၊ back up မှတ်​ထားတဲ့ apk တို့၊စာရိုက်​ကီးဘုတ်​တို့ ကို တစ်​ခုခြင်းပြန်​ပြီး installing ပြန်​လုပ်​ပါ။

Viber Apk ကိုလည်း install ပြန်​လုပ်​ပြီး Code နံပါတ်​အသစ်​ ပြန်​​တောင်းပါ။

အဲ့ဒါဆိုရင်​ မိမိဖုန်းဟာ သန့်​ရှင်းသွားပြီး ကိုယ့်​ရဲ့ အချက်​အလက်​​တွေကို တခြားသူ မရရှိ၊မယူနိုင်​​တော့ပါဘူး။
စိတ်​မသန့်​ရင်​​တော့ လက်​ရှိသုံး​နေတဲ့ Gmail အ​ကောင့်​န်​ကို ဆက်​မသုံးပါနဲ့။ဒါမှမဟုတ်​ ဖုန်းရဲ့ account setting ထဲမှာ log in မဝင်​ထားပါနဲ့။
မေးလ်​ အသစ်​ကို​ပြောင်းသုံးကြည့်​ပါ။

ဖုန်းကို တခြားသူမဖွင့်​နိုင်​​အောင်​ Lock ချထားပါ

ဒီ​လောက်​ဆိုရင်​​တော့ မိမိ ရဲ့  ဖုန်း​လေးဟာ လုံခြုံစိတ်​ချရ​လောက်​ပြီလို့ ယူဆလို့ ရပါပြီ။

      အဆင်​​ပြေပါ​စေ။
             ကို​ဇော်​သွင်​(နည်းပညာ)

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -