✔Viber က အချက်အလက်တို့၊မိမိ
ိဖုန်းထဲက အချက်အလက်တွေကို တစ်စုံတယောက်က ခိုးယူသိရှိနေပြီ
ဟု သံသယ ရှိနေရင်✔
-viber က အချက်အလက်တွေကို တခြားတစ်ယောက်က hack ယူဖို့
ဆိုတာ
တော်ရုံ အရည်အချင်းနဲ့ hack လို့မရပါဘူး။
တစ်ခုရှိတာက မိမိလက်ရှိအသုံးပြုနေတဲ့ ဖုန်းထဲကို
အသိတစ်ယောက်ယောက်က ကိုယ့်ဖုန်းထဲ က အချက်အလက်တွေကို ခိုးယူလို့ရစေမယ့် hacking software လိုမျိုး၊apk လိုမျိုး၊email gmail ကနေ message ပို့ပြီး ခိုးယူဝင်ရောက်ကြည့်ရှုတာမျိုး တွေ လုပ်လို့်  ရတယ်လို့တော့ ကြားဖူးပါတယ်။သဘောက အဲ့ဒိ hacking software တစ်ခုခုကို ကိုယ်မသိတုန်း ဖုန်းကိုယူပြီး ထည့်လိုက်တာမျိုးတို့၊Gmail တို့၊Facebook Massage တို့ကနေ ကိုယ့်အကောင့်န်ကို မက်စ်ဆေ့ အတုနဲ့ ပို့ပြီး log in ဝင်ခိုင်းတာမျိုး တို့မှာ ကိုယ်က ကိုယ့်ရဲ့ Gmail အကောင့်န်ဖြစ်ဖြစ်၊Facebook အကောင့်န် ဖြစ်ဖြစ် username နဲ့ password ဝင်ပေးလိုက်မိတာမျိုးတို့ဆိုရင် ကိုယ့်အကောင့်န်ကတဆင့် ကိုယ့်ဖုန်းထဲက data တွေကို သူက ခိုးယူကြည့်ရှုလို့ ရနိုင်စေ ပါတယ်။
အဲ့ဒီတော့ ဘယ်ကမှန်းမသိဘဲ ဝင်လာတဲ့ မေးလ် တွေက ကိုယ့်အကောင့်န်ကို log in ဝင်ခိုင်း၊ဖြည့်ခိုင်းရင် မဖြည့်ပါနဲ့။
ကိုယ်အသုံးပြုနေတဲ့ mobile ဖုန်းကို တခြားသူ ကိုင်မရအောင်၊ဖွင့်မရအောင်၊
password တို့ pin တို့ ခံထားပြီး Lock ချထားပါ။
-လက်ရှိပြုလုပ်ရမယ့်နည်းလမ်းကတော့.......
ဖုန်းကို factory data reset ချပစ်ပါ။
factory data reset ချတယ်ဆိုတာဟာ မိမိလက်ရှိအသုံးပြုနေတဲ့ ဖုန်း ကို data တွေ၊cache တွေ၊apk တွေ၊contact တွေ၊
message တွေ၊ဖိုင်တွေကို ဖျက်ထုတ်/ရှင်းထုတ် ပစ်လိုက်တာပဲ ဖြစ်ပါတယ်။
အဲ့ဒိအခါမှာ ကိုယ့်ဖုန်းလေးဟာ ဆိုင်က ဝယ်ယူခဲ့တဲ့အတိုင်း၊ကုမ္ပဏီထုတ် အတိုင်းပြန် ဖြစ်သွားပါလိမ့်မယ်။
factory data reset မချခင်မှာ မိမိ၏ အရေးကြီး data တွေကို back up မှတ်ထား/ပြုလုပ်ထားပါ။အဓိက ကတော့ ဖုန်း contact တွေပါပဲ။ဖုန်းကွန်တက်တွေကို SD ကဒ်ရဲ့ Extarnal SD ထဲကို Export လုပ်ပြီး ရွှေ့ ထား save မှတ်ထားပါ။Update လုပ်ပြီးသား apk တွေကို back up မှတ်ထားချင်ရင် နှစ်သက်ရာ back up ဆော့ဖ်ဝဲတစ်ခုခုနဲ့ မှတ်ထားနိုင်ပါတယ်။
factory data reset မချခင်မှာ လိုရမယ်ရ zawgyi font charger apk၊ frozen keyboard / bagan keyboard တို့၊ အစရှိတဲ့ ကိုယ်သုံးနေတဲ့ ကီးဘုတ် apk တွေကို Extarnal SD ထဲကို ရွှေ့ပေးထားပါ။
Viber Apk ကို Uninstall လုပ်ပစ်ပါ။
Factory data reset ချဖို့အတွက်က...
-ဖုန်းရဲ့ setting ထဲကိုဝင်ပါ။
-Privacy ဆိုတဲ့အထဲ ထပ်ဝင်ပါ။
-အဲ့ဒိမှာ Factory data reset ဆိုတဲ့ စာသား နေရာကို click နှိပ်လိုက်ပါ။
-format usb store ဆိုတဲ့နေရာကို လုံးဝ အမှန်မခြစ်ပါနဲ့။ခြစ်လိုက်ရင်တော့ ရှိသမျှ အကုန် ကုန်ပြီနော်-
-ပြီးရင် အောက်က reset phone ဆိုတဲ့ စာသားနေရာကို click နှိပ်ပေးလိုက်ရင် မိမိဖုန်းလေးဟာ restart ကျသွားပါလိမ့်မယ်
ပါဝါပြန်တက်လာရင်တော့ တဆင့်ခြင်း click နှိပ်ပေးသွာပါ-
-အဲ့ဒိနေရာမှာ ဖုန်းတစ်လုံးနဲ့တလုံးက မတူပါဘူး။တစ်ချို့ဖုန်းတွေက restart ကျပြီး ပါဝါပြန်တက်လာရင် မိမိဖုန်းရဲ့ home screen ကို တန်းရောက်ပါတယ်။
တစ်ချို့ဖုန်းတွေကတော့ restart ကျပြီး ပါဝါပြန်တက်လာရင် home screen page ကို တန်းမရောက်ပါဘူး။device ကို အသက်သွင်းတဲ့သဘော setting ပြန်ချယူရ ပါတယ်။အဲ့ဒါက restart ကျပြီး ပါဝါပြန်တက် လာရင် စက်ရုပ်ပုံပေါ်ပါမယ်။
အဲ့ဒိ စက်ရုပ်ပုံကို click နှိပ်ပြီး အသက်သွင်းပေးလိုက်ပါ။ပြီးရင် google account နဲ့ဝင်မလားမေးမယ်။back key နဲ့ တချက်ဆုတ်ပြီး မဝင်ဘူးလုပ်လိုက်ပါ။
wifi ချိတ်ထားရင်တော့ gmail account နဲ့ ဝင်ပေးလိုက်ရင် home page ကို တန်းရောက်ပါတယ်။wifi မချိတ်ထားရင်တော့ gmail မဝင်ပေးပဲ back key နဲ့ဆုတ်၊အမှတ်ခြစ်တွေ ဖြုတ်ပေး၊ပြီးရင် ok ဆက်နှိပ်ပေးလိုက်ပါ။Language ဘာသာ စကားကိုလည်း တရုတ်စာဖြစ် နေရင် US တို့ Eng: တို့ကို ပြောင်းပလိုက်ပါ။
ပြီးရင် ok ဆက်နှိပ်ပေးလိုက်ရင် ဖုန်းရဲ့ home screen page ကို ရောက်ရှိပါမယ်။
အဲ့ဒိတော့မှ Extranal SD ကဒ်ထဲမှာ ရွှေ့  မှတ်ထားတဲ့ ဖုန်းနံပါတ် contact တို့၊ back up မှတ်ထားတဲ့ apk တို့၊စာရိုက်ကီးဘုတ်တို့ ကို တစ်ခုခြင်းပြန်ပြီး installing ပြန်လုပ်ပါ။
Viber Apk ကိုလည်း install ပြန်လုပ်ပြီး Code နံပါတ်အသစ် ပြန်တောင်းပါ။
အဲ့ဒါဆိုရင် မိမိဖုန်းဟာ သန့်ရှင်းသွားပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို တခြားသူ မရရှိ၊မယူနိုင်တော့ပါဘူး။
စိတ်မသန့်ရင်တော့ လက်ရှိသုံးနေတဲ့ Gmail အကောင့်န်ကို ဆက်မသုံးပါနဲ့။ဒါမှမဟုတ် ဖုန်းရဲ့ account setting ထဲမှာ log in မဝင်ထားပါနဲ့။
မေးလ် အသစ်ကိုပြောင်းသုံးကြည့်ပါ။
ဖုန်းကို တခြားသူမဖွင့်နိုင်အောင် Lock ချထားပါ
ဒီလောက်ဆိုရင်တော့ မိမိ ရဲ့  ဖုန်းလေးဟာ လုံခြုံစိတ်ချရလောက်ပြီလို့ ယူဆလို့ ရပါပြီ။
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
No comments:
Post a Comment
zawthwin3@gmail.com