Posted by : Unknown Friday, November 28, 2014

image


နည်းပညာတစ်​ရှိန်​ထိုးတိုးတက်​လျက်​ရှိ​သော
ယ​နေ့​ခေတ်​တွင်​နည်းပညာအသစ်​ဆန်းမျိုးစုံက လူတို့လုပ်​​ဆောင်​ရမည့်​လုပ်​ငန်းများကိုအချိန်​တိုအတွင်း အတိကျဆုံး လုပ်​​ဆောင်​လာနိုင်​လျက်​ရှိရာ ယခုတစ်​ခါမှာလည်း PhotoMath App က သင့်​ရဲ့ သင်္ချာအိမ်​စာများကိုတွက်​ချက်​​ပေးနိုင်​​တော့မည်​ဟု သိရသည်​။ ယခုကဲ့သို့ PhotoMath App ၏သတင်း​ကြောင့်​ သင်္ချာအားနည်းသူများအတွက်​သတင်း​ကောင်း​ဖြစ်​လာခဲ့ပြီး Equation များကို အချိန်​ကြာမြင့်​စွာ​ဖြေရှင်း​နေရခြင်းမှ ကင်း​ဝေး​စေ​တော့မည်​ဖြစ်​သည်​။ စမတ်​ဖုန်းသုံးစွဲနိုင်​သူ​ကျောင်း​သားများအတွက်​ သင်္ချာပြဿနာများကို အ​ကောင်းဆုံး​ဖြေရှင်း​ပေးမည့်​ PhotoMath App ကို လက်​ရှိအချိန်​တွင်​ iPhone များတွင်​ အသုံးပြုနိုင်​ပြီး iOS App Store တွင်​ ​ဒေါင်းလုပ်​ပြုလုပ်​ကာ သင်္ချာ Equation များကို အ​ကောင်းဆုံး​ ဖြေရှင်းနိုင်​ပြီဖြစ်​သည်​။ အသုံးပြုရာတွင်​လည်း မိမိတို့​ဖြေရှင်းလိုသည့်​ သင်္ချာ Equation များကို ဖုန်းကင်​မရာဖြင့်​ ရိုက်​ကူးကာ PhotoMath App အတွင်းသို့ထည့်​သွင်းပြီး အချိန်​တိုအတွင်း​ဖြေရှင်းနိုင်​မည်​ဖြစ်​​သော​ကြောင့်​ သုံးစွဲသူများအကြိုက်​​တွေ့​စေမှာဖြစ်​ပါတယ်​။ ဒါ့အပြင်​ PhotoMath App က Equation မှ တွက်​ထုတ်​ထားသည့်​ အ​ဖြေမှန်​များကိုသာ ပြသ​ပေးမည်​သာမက ဘယ်​လိုပုံစံဖြင့်​ တွက်​ချက်​​ပေးခဲ့သည်​ကိုပါ​ဖော်​ပြ​ပေးမည်​ဖြစ်​သည်​အိမ်​စာများကို ​ကျောင်းသားတ​​ယောက်​နှင့်​တ​ယောက်​အပြန်​အလှန်​ခိုးယူကာ ပြုလုပ်​လာမည်​ကိုစိုးရိမ်​​နေကြရသည့်​ ဆရာမများ အ​နေုဖြင့်​ ယခုအခါတွင်​​ကျောင်းသားများအ​နေဖြင့်​ သူတို့၏ စမတ်​ဖုန်းများကို အသုံးပြုကာ အိမ်​စာများကို ပြုလုပ်​လာမည်​လားဆိုသည်​ကိုပါ
ထပ်​​ဆောင်းစိုးရိမ်​စရာဖြစ်​လာခဲ့ပြီဖြစ်​သည်​။

NewsWatch Journal

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -