Posted by : Unknown Sunday, December 14, 2014

image

နံပါတ်(၁)
ယူနီကုဒ်ရဲ့ အဆင့်အတန်းများ အမြဲတမ်းပြောင်းကြတယ်။

ခုနှစ်တိုင်း အင်တာနက်က ဆက်ပြောင်းပါတယ်။ ပြောင်းတော့ သဟဇာတဖြစ်ခြင်းရဖို့ updates နဲ့ upgrades ဖြစ်သင့်တယ်။ ယူနီကုဒ်အနေနဲ့လည်း ဘာသာစကားများစွာနဲ့သဟဇာတဖြစ်ခြင်းရှိအောင် updates နဲ့ upgradesလုပ်ရတယ်။ ၁၉၉၁ခုနှစ်မှာ ယူနီကုဒ်ရဲ့ ပထမ အဆို (version)က “The Unicode Standard” (ယူနီကုဒ်အဆင့်အတန်း)လို့ခေါ်တယ်။ အခုတော့ အခေတ်အဆန်ဆုံးတဲ့အဆိုက ယူနီကုဒ် ၆.၂ဖြစ်ပါတယ်။
ဦးဆုံးမှာ ယူနီကုဒ်ရဲ့အဆင့်အတန်းမှာ အက္ခရာတွေ ၂၄ခုဘဲရှိတယ်။ အခုတော့ အက္ခရာတွေ ၁၀၀လောက်ရှိတယ်။ မြန်မာအက္ခရာအနေနဲ့ ၁၉၉၉ခုနှစ်မှာ ယူနီကုဒ် အဆို ၃.၀ ကို ဝင်လိုက်တယ်။ ၂၀၀၈ခုနှစ်မှာတော့ ယူနီကုဒ်အဆို ၅.၁တွင် မြန်မာအက္ခရာကိုပြောင်းနည်းနည်းပေးထားတယ်။ ဇော်ဂျီဖောင့်ကတော့ ယူနီကုဒ် ၅.၂ရဲ့ အဆင့်အတန်းတွေနဲ့မရှိမို့လို့ တခြားဖောင့်တွေကိုသုံးတာ (ဥပမာ ပိတောက်၊ မြန်မာ၃၊ စသည်ဖြင့်…) ဇော်ဂျီကိုသုံးထက်ပိုကောင်းတယ်။

နံပါတ်(၂)

ယူနီကုဒ်လိုရေးတာပိုလွယ်တယ်လေ။

ဥပမာတစ်ပုဒ်ပေးမယ့်…  ဇော်ဂျီလို့ “လို့” ရေးချင်တယ်ဆိုရင် V+K+D+Yတွေကိုနှိပ်တာကလိုအပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇော်ဂျီဖောင့်လို အောက်ကမြင် (့)မှာ နေရာသုံးရာရှိတယ် (h၊ Y၊ နဲ့ U)။ မြန်မာယူနီကုဒ်မှာတော့ နေရာတစ်ရာရှိတာဘဲ (h)။ နေ့ = aeh ကောင့်=aumifh
ပြီးတော့လည်း သိပ်မသုံးတဲ့အက္ခရာတွေလည်း နှိပ်တာ လွန်းလွယ်ပါတယ်။ (၍=I ဩ=] ဦ=M စသည်ဖြင့်…)
အောက်မှာရေးတဲ့အက္ခရာတွေကိုလည်း ရေးတာလွန်းလွယ်တယ်။ ဥပမာ… ဒုက္ခ= KkuFc မေတ္တာ= arwFwm
“ခဏစောင့်ပါ… Fက အောက်မှာရေးတဲ့အက္ခရာတွေအတွက်ဆိုရင် ဘယ်လို့ မင်္ဂလာပါ့လို့ရေးနိုင်မလဲ”လို့ စဉ်းစားနေတယ်ဆိုရင် စိတ်မပူကြပါနဲ့နော်။ ကျွန်တော်အတွက်လည်း ဦးဆုံးမှာ ခက်ခဲပါတယ်။ မင်္ဂလာပါ= rifF*vmyg (မင်+F+ဂလာပါ)လို့ရေးဖြစ်ပါတယ်ဗျာ့။

နံပါတ် ၃: ဇော်ဂျီဖောင့်မှာ Copyrightပြဿနာရှိတယ်။

အခု ကျွန်တော့် Firefoxမှာ ဇော်ဂျီရဲ့ renderingက သိပ်မကောင်းမို့လို့ ကျွန်တော် SaturnGodရဲ့ ဘလောဂ်ကိုရှာပြီးတော့ ဒီပုစ်တ်ကိုတွေ့ပြီ။

Firefox ကို ဇော်ဂျီ နဲ့ သုံးမရတာနဲ့ ချက်ခြင်း firefox ရဲ့ bugzilla မှာ report တင်ခဲ့ပါတယ်။

Jonathan Kew က ဒီလို ပြန်ဖြေထားပါတယ်။

The issue here is that the Zawgyi-One font lacks proper layout tables for Myanmar. When loading fonts for “complex” scripts (that require appropriate glyph shaping for correct rendering), Firefox on OS X checks whether the font has the necessary tables, and if not, it will skip it and fall back to a different font.This font is apparently using the Unicode Myanmar codepoints, but is designed to be used -without- proper shaping support, by instead encoding the text in a “visual” way rather than properly following the Unicode standard for representing Myanmar text.

We’re not going to invest time in trying to support hacks like this. There is a Unicode standard for Myanmar, and an increasing number of fonts that support it. That’s what people should be using for interoperable Myanmar text on the web.

(One other thing: I notice that this font appears to be based on a hacked version of Microsoft’s Tahoma; as such, I suspect that it is in breach of the Tahoma license terms.

အလွယ်ပြောရရင်တော့ ဇော်ဂျီ က unicode standard မလိုက်နာထားတဲ့အတွက် ပြဿနာ ဖြစ်နေရပါတယ်။ နောက်ပြီး ဇော်ဂျီ font က Microsoft ရဲ့ Tahoma ကို hacked လုပ်ထားတဲ့ version ဖြစ်တဲ့အတွက် Tahoma license နဲ့ ညှိနေပါတယ်။ ဒါကြောင့် သူတို့တွေ fix မလုပ်ပါဘူးလို့ ဖြေထားပါတယ်။
http://www.saturngod.net/nothing/firefox-wont-fix-zawgyi-issue-on-mac


ကျွန်တော်က Macမသုံးပေမယ့် ကျွန်တော်မှာလည်း ဒီပြဿနာရှိနေတယ်။ ကို Kewရဲ့စကားတွေက မှန်တယ်ဆိုရင် ကျွန်တော့် ဘလောဂ်ပေါ်မှာ ဇော်ဂျီမသုံးရင်ပိုကောင်းမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Microsoftနဲ့ တရားစွဲဆိုမှုမရှိချင်ဘူးကွာ။ Bill Gatesက ချမ်းသာတယ်ပြီးတော့ ကျွန်တော်မှာ ပိုက်ဆံလုံးဝမရှိဘူးကွယ်။ (ရှိရင် ဗမာပြည်ကိုသွားမှာပေါ့။)

-ကျွန်တော့် ယူနီကုဒ်ပြဿနာ-

ပြဿနာတစ်ခုကတော့ အွန်လိုင်းကမ္ဘာမှာ အသုံးအပြုဆုံးတဲ့ဖောင့်က ဇော်ဂျီဖြစ်တယ်။ ဒါကြောင့် နည်းနည်းလိုအပ်နေတယ်။ ကျွန်တော့် Firefoxထဲကို ဇော်ဂျီဖောင့်မှ ယူနီကုဒ်ဖောင့်သို့ ပြောင်းပေးခြင်း programသုံးနေပေမယ့် မပြည့်စုံဘူး။ အကုန်လုံးကိုမပြောင်းဘူးကြောင့် ကျွန်တော့်ရဲ့ Settingsမှာ Default Fontအနေနဲ့ ဇော်ဂျီကို၎င်း ပိတောက်ကို၎င်း ခဏခဏပြောင်းရတယ်။ စိတ်ညစ်စရာဘဲကွ။ (ပိုကောင်းတဲ့ converterအကြောင်းသိရင် ပြောပေးပါ။)
ဟုတ်ကဲ့ ဒါဘဲနော်။ ကျွန်တော်မျှော်လင့်တာက ခင်ဗျားတို့ အားလုံး ယူနီကုဒ်ဖောင့်ကိုပြောင်းပေးလိမ့်မယ်။ အဲ့ဒါဖြစ်ရင် ကျွန်တော်တို့ အားလုံး ဇော်ဂျီအကြောင်းမေပစ်နိုင်လိမ့်မယ်။

Credit>>>ကိုဝင်းဟိန်း

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -