Posted by : Unknown Friday, December 19, 2014

image

image

image

image

တစ်နေ့ထက်တစ်နေ့ ခေတ်မီတိုးတက်လာသော ရုပ်သံမီဒီယာများ၊ ကျယ်ပြန့်ဖွံ့ဖြိုးလာသည်နှင့်အမျှ အရည်အချင်းပြည့်သသော Video Editor များစွာလိုအပ်ပါသည်။ ပြည်တွင်းများအနေဖြင့် အစိုးရ၊ ပုဂ္ဂလိကပိုင် ရုပ်သံမီဒီယာ Company ကြီးများ နိုင်ငံတကာယှဉ်ကြည့်ရင် အလွန်နည်းပါးလျက်ရှိရာ
ပြည်ပနိုင်ငံတွေမှာ TV အစီအစဉ်တွေ၊ Channel တွေ မကြည့်ရှုနိုင်လောက်အောင် များပြားတဲ့အတွက် Video Editor ၏ အရေးပါမှုကို တပ်အပ်ပြောလို့ရပါတယ်။ မကြာခင် အချိန်အတွင်းမှာလည်း ပြည်တွင်း ရုပ်သံအစီအစဉ်တွေ၊ နိုင်ငံတကာနည်းတူ ကျယ်ပြန့်ဖွံ့ဖြိုးလာမည်ဖြစ်သည့်အတွက် အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သည့် အရည်အချင်းမြင့်မားသော Video Editor ၏ အလုပ်အကိုင် အခွင့်အလမ်းတွေ အမှန်တကယ် များပြားလာမည်ဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင်စီးပွားရေးအနေဖြင့် Video Editing လုပ်ငန်းထူထောင်လိုပါက မြို့ကြီးများတွင်သာမက နယ်မြို့ကျေးလက်တောရွာအထိ ရုပ်သံတည်းဖြတ်ခြင်းလုပ်ငန်းသည် စီးပွားရေးအရ တွက်ခြေ ကိုက်ကြောင်း တွေ့ရသည်။

အရည်အချင်းပြည့်ဝသော Video Editor တစ်ယောက်ဖြစ်ရန်အတွက် တတ်မြောက်ထားရမည့် ပညာရပ်များမှာလည်း များစွာလိုအပ်ပေသည်။ ပထမဦးစွာ ရုပ်သံမီဒီယာ Company များတွင် ကျယ်ပြန့်စွာ အသုံးပြုနေသော Software များစွာရှိပေသည်။ ၎င်းတို့မှာ Adobe မှထုတ်သော Products များဖြစ်သည့် Adobe Premiere, Adobe After Effect, Adobe Sound booth, Adobe Media Encoder, Adobe Encore, Adobe Photoshop, Small Business လုပ်ငန်းများ၌ အသုံးပြုသော Software များမှာ ULead, Show Biz, Power Director, Corel Video တို့ဖြစ်ပါသည်။ Menu Design, Subtitle ထိုးရန်အတွက် Sony မှထုတ်သော Sony DVD Architect နှင့် Adobe Encore တို့ကို အသုံးပြုလေ့ရှိသည်။

တချို့ရုပ်သံမီဒီယာ Company ကြီးများတွင် MAC Version ဖြစ်သော Final Cut Pro စသည့် Software များကိုလည်း အသုံးပြုကြပေသည်။ ရုပ်သံမီဒီယာလုပ်ငန်းများတွင် Software များစွာ ရှိကြသော်လည်း အားလုံးတတ်ကျွမ်းထားရန် လိုအပ်မည်မဟုတ်ပေ။ အထူးသဖြင့် လက်တွေ့အသုံးများသော Adobe Premier, Adobe After Effect များကိုသာ ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းထားလျှင် Softwareအသေးနှင့်အကြီးများ ကိုလည်း လွယ်ကူစွာ အသုံးပြု ၍ရပါမည်။

Video Editing ရုပ်သံပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန်အတွက် လေ့လာသင်ယူမှုနှင့် ပတ်သက်ပြီး ပထမဦးစွာ Computer-Office(Basic Application) Course အား ကျွမ်းကျင်စွာ တတ်မြောက် ထားရန် လိုအပ်ပေသည်။ စာစီစာရိုက်တတ်ထားမှသာ Video ပေါ်မှာ စာတန်းထိုးတာတွေ၊ စာသားအပြင် အဆင်သဘောတရားများ နားလည်နိုင်မည်။ Video Editing ပညာရပ်ကို သင်ကြားပေးသော သင်တန်းကျောင်း များမျာ အခြားပညာရပ်များကို သင်ကြားပေးသော ကျောင်းများနှင့် နှိုင်းယှဉ်လျှင် များစွာမရှိသော်လည်း အထိုက်အလျောက်တော့ရှိပါသည်။

သင်တန်းတတ်မည်ဆိုလျှင်လည်း သင်တန်းကျောင်းတွင် သင်မည့်သင်ရိုးများမှာ သင်တန်းကျောင်း တစ်ကျောင်းနှင့်တစ်ကျောင်း မတူသည့်အတွက် သင်ကြားမည့် Video Editing Software များ၊ သင်ကြား မည့်အကြောင်းအရာများကို မည်မျှတတ်မြောက်အောင် သင်ကြားပေးသည်ကို သေချာစွာ စုံစမ်းရပါ မည်။ သင်တန်းစတင် တက်ရောက်သောအခါ Video Editing ပညာရပ်သည် Theory နှင့် Practical အနုပညာ၊ အတတ်ပညာ ပေါင်းစပ်သင်ကြားရမည့် ပညာရပ်ဖြစ်ပြီး Auto CAD, 3DS Max ကဲ့သို့ဒီဇိုင်းများ လက်တွေ့ရေးဆွဲမည့် အခက်အခဲမျိုးမရှိပါဘူး။

၎င်းအား လေ့လာသင်ယူရန်မှာ လွယ်ကူပေသည်။ ပထမဦးစွာ Theory ပိုင်းအား အသုံးပြုရန် လွယ်ကူပေ မည်။ Theory ပိုင်းအနေဖြင့် Video Editing ရုပ်သံတည်းဖြတ်ခြင်းသည် ရိုက်ကူးရေးများတွင် မပါသော်လည်း Video Camera မှ ရိုက်ပြီးထွက်လာသော Video Clips များကို Editing ပြုလုပ်ပြီး နောက်ဆုံး Export ထုတ်ခြင်း၊ ဗီဒီယိုရိုက်ကူးရေး ပညာရပ်သည်လည်း Professional တစ်ယောက်ဖြစ်ရန် အလွန်ကျယ်ပြန့်သော ပညာရပ်ဖြစ်ပေ သည်။ ရိုက်ကူးရေးပညာရပ်နှင့် ပတ်သက်၍ အကျယ်တ၀င့် မတတ်ရင်တောင် ဗီဒီယိုကင်မရာ၏ အမျိုးအစားများ၊ ဗီဒီယိုကင်မရာသည် Tape, CD, Hard Disk, Memory စသည့် အမျိုး အစားများကိုလည်း သိရှိထားရပေမည်။

Memory Card သည် အထူးသဖြင့် Camcorder များတွင်သာ အသုံးပြုတာများသည်။ ရိုက်ကူးပြီးလျှင် စက်ထဲထည့်ရန် Memory Card အနေဖြင့် စက်ထဲသို့ Copy, Paste ဖြင့် ထည့်၍ရသော်လည်း Tape ဖြင့် ရိုက်ထားသော Video Clips များကို CApture ဖမ်းပြီးမှသာ စက်ထဲသို့ ထည့်၍ရပါသည်။ Capture ဖမ်းရန်အတွက်လည်း Capture Card အမျိုးအစားများစွာ ရှိပေသည်။

ရုပ်သံကြည်လင် ပြတ်သားကောင်းမွန်သော Video Clips များရရန်မှာလည်း Video Camera ၏ အမျိုးအစား၊ ရိုက်ကူးရေးပိုင်းမှာလည်း အရေးကြီးသလို Capture Card အမျိုးအစားပေါ်မှာလည်း မူတည်ပါသည်။ အချို့ Capture များတွင် Video Camera, Camcorder, Digital Media, Phone, MP4, TV စလောင်းများမှလွှင့်သည့် အစီအစဉ်များကိုလည်း Capture ပြုလုပ်၍ရသည်။ Video Clips, Photo, Audio များစက်ထဲသို့ရောက်လျှင် မိမိစိတ်ကြိုက် Video Editing Software ကို အသုံးပြုပြီး Editing Tool သုံးပြီး Editing ကိုလွယ်ကူစွာ ပြုလုပ်နိုင် သည်။ Clip တစ်ခုနှင့်တစ်ခုကြား မလိုအပ်သော အရာအားဖြတ်တောက်ခြင်း၊ လိုအပ်သော နေရာများ၌ အစားထိုးထည့်သွင်းခြင်း၊ ပြန်ဆက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပေသည်။

တည်းဖြတ်ပြင်ဆင်သည့် လုပ်ဆောင်ချက်များ ပြီးသွားသည့်အခါ လှပဆွဲဆောင်မှုရှိသော Video File ထွက်လာရန်မှာလည်း အရေးပါလှပေသည်။ ဇာတ်ဝင်ခန်း တစ်ခန်းနှင့်တစ်ခန်းကြား Transitions ထည့်ရန်အ တွက် ရှိနေသော ဗီဒီယို၊ ဓါတ်ပုံများကို Video Effects, Transitions များအသုံးပြု၍ စိတ်ကြိုက်ပြင်ဆင်နိုင်ပေ သည်။ Software တွင်ပါလာသော Video Effects, Transitions များ စိတ်ကြိုက်ပြင်ပြီးသွားလျှင် အပြင်မှ လွယ်ကူစွာသုံး၍ရသော Video Transitions, Effects တွေ များစွာရှိပေသည်။ Video ဆိုတာ ရုပ်သံနှစ်ခု စလုံးပါဝင်သောကြောင့် အသံပိုင်းဆိုင်ရာ ပြုပြင်တည်းဖြတ်ခြင်း၊ မလိုအပ်သောအသံများ ရှင်းထုတ်ခြင်း၊ အသံသွင်းခြင်း စသည်တို့ကို သိထားရမည်။

Small Business လုပ်ငန်းများတွင် လုပ်နေသည့် Video Editor များအနေဖြင့် ကိုယ်တိုင်ရိုက်ကူးခြင်း၊ တည်းဖြတ်ပြင်ဆင်ခြင်း၊ နောက်ဆုံး DVD ထုတ်ပြီးသွားလျှင် ၎င်း၏တာဝန်ပြီးဆုံးသွားပေသည်။ ရုပ်သံမီဒီယာ Company ကြီးများ၊ ကြော်ငြာမီဒီယာ Company ကြီးများတွင် အလုပ်ဝင်နေသော Video Editor များဖန်တီးသည့်အခါ လှပဆွဲဆောင်မှုရှိရန်အတွက် အချိန်ကြာလှသည်။ စာတန်းလှုပ်ရှားမှု၊ Text Animation အသွင်မျိုးစုံ ဖန်တီးခြင်းများ၊ ဓါတ်ပုံနှင့် ဗီဒီယိုဆိုက်ပြင်ခြင်း၊ ရွှေ့ခြင်း၊ လှည့်ခြင်းများ၊ နောက်ခံ ဒီဇိုင်းပြုပြင်ခြင်း၊ Chroma Key, Matte Key တွေရယ် 3D ဒီဇိုင်းနှင့် Special Effects Creation ဖန်တီးသည့်အခါ Adobe Premiere ထက် Adobe After Effect သည် စိတ်ကြိုက် Special Effects ဖန်တီးခြင်းနှင့် Animation မျိုးစုံကို ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်သောကြောင့် လက်တွေ့၌ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပေသည်။

Adobe After Effect တွင် ၎င်း၌ရှိသော Effect များ အလွယ်တကူ ဖန်တီး၍ရသည့်အပြင် ဥပမာ-မိုးရွာသည့် ပုံစံ၊ နှင်းကျသည့်ပုံစံ၊ ပေါက်ကွဲသည့်ပုံစံများအပြင် မိမိ Idea ရှိသလို Special Effect များ၊ ကာတွန်း Animation များ၊ အရာဝတ္ထု လှုပ်ရှားမှုအမျိုးမျိုး ဖန်တီးပြုလုပ်နိုင်ပေသည်။ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ ကြိုးစား အားထုတ်မှု၊ လေ့လာစူးစိုက်မှု၊ Experience များစွာလိုအပ်သည်။ လေ့လာသင်ယူသူ တစ်ယောက်အနေဖြင့် အခြေခံပိုင်းတွင် ကိုယ်တိုင်ပြုလုပ်နိုင်လျှင် အခြားသူများ ပြုလုပ်ထားသော ပုံစံအားကြည့်၍ မည့်သည့် Effect များဖြင့် ပြုလုပ်ထားသည်ကိုလည်း လေ့လာတတ်ရမည်။

ထို့ကြောင့် အတုယူစရာပုံစံများစွာရှိပြီး ပိုမိုဆန်းသစ်လှပလာအောင် အချိန်ပေး၍ ကြိုးစားမည်ဆိုလျှင် ဆွဲဆောင်မှုရှိသော Special Effects များကို ပြုလုပ်နိုင်ပေမည်။ Editing ပြုလုပ်သည့်အပိုင်းတွင် အချိန်ကြာမည်မဟုတ်သော်လည်း တီဗီအစီအစဉ်နှင့် ကြော်ငြာအစီအစဉ်များပြုလုပ်သည့်အခါ Special Effect များ ဖန်တီးရသည်မှာ အချိန်ကြာနိုင်ပေသည်။ Special Effect မှာလည်း 3D Animation သည် အရေးပါပေသည်။ ရုပ်သံမီဒီယာကြောငြာများ၊ TV အစီအစဉ်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားတွေမှာ 3D Animation ၏ အရေးပါမှုကို လူတိုင်းသိပြီးသားပါ။

အထက်ပါဖော်ပြထားသည့်အတိုင်း သီအိုရီရော၊ လက်တွေ့ပါ Video Editing Software များကို ကျွ်းကျင်စွာ တတ်မြောက်ထားပြီးဆို၇င် သက်ဆိုင်ရာ လုပ်ငန်းခွင်များဖြစ်သည့် ရုပ်သံဗီဒီယာ Company ကြီးများ၊ ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ် Company များ၊ ကြော်ငြာ Company များတွင် ယုံကြည့်မှုရှိရှိနှင့် ၀င်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ဆောင်းပါးရှင်- ဆရာမျိုး(Promotion Centre)
Ref: Net Guide Journal

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -