Posted by : Unknown Thursday, December 19, 2013

image


♕မိမိ ဘယ်နေ့သေမှာလည်း♕
ဆိုတာကို တွက်စစ်ကြည့်လိုပါသလား?

-ဟုတ်ကဲ့ ကျနော်တို့တတွေဟာ စီးပွါးရေး၊
လူမှုရေး၊စားဝတ်နေရေးနဲ့ မိမိဝါသနာပါရာ
ရေးရာကိစ္စတွေမှာ လှုပ်ရှား လုံးပန်း ရုန်းကန်
နေရတော့ ကိုယ်ဘယ်နေ့သေမှာလည်းဆို
တာမျိုးကို မေ့လျော့နေတတ်ကြပါတယ်။
သတိမရတတ်ပါဘူး။မစဉ်းစားချင်တာမျိုး
လည်းပါမှာပေါ့လေ။-
-အဲ.တစ်ကယ်လို့ အားလပ်တဲ့အချိန်ခဏမျိုး
လေးမှာများ "ငါဘယ်လောက်ထိနေရမှာလည်း
ဘယ်အချိန်လောက်ဆိုသေရမှာလည်း"
ဆိုတာမျိုးများ စဉ်းစားမိခဲ့အခါမှာ မိမိသေရ
မယ့် နေ့၊လ၊ရက်၊ခုနှစ် ကို တွက်ချက်ပေးမယ့်
website link နေရာလေးတစ်ခုကို မျှဝေပေး
လိုက်ပါတယ်။

ဒီအောက်က လင့်ခ် လေးကိုနှိပ်ပြီး သွားရောက် စစ်ဆေးလို့ရပါတယ်။

http://www.deathclock.com/ဒီလင့်ခ်ကိုနှိပ်ပါ

image

image

image

★စစ်ဆေးတွက်ချက်ပုံကတော့★

အဲ့ဒိ page ရောက်ရင် အပေါ်ဆုံးက ကွက်လပ်လေးထဲမှာ မိမိရဲ့မွေးရက်ကို ဖြည့်ပါ
ပြီးရင်သူ့အောက်ကအကွက်မှာ
ကိုယ့်ရဲ့ မွေးခုနှစ်ကို ဖြည့်ပါ။
ပြီးရင် အောက်က ကွက်လပ်မှာ
male လား female ကျား/မ ရွေးပေးပါ။
ပြီးရင် အောက်ကကွက်လပ်မှာ
Mode နေရာမှာ Normal ပဲထားပေးပါ။
ပြီးရင်သူ့အောက်ကကွက်လပ်ထဲမှာ
BMI* မှာ <25 ပဲထားပေးပါ။
ပြီးရင် Smoking Status: ဆိုတဲ့နေရာမှာ
ဆေးလိပ်သောက်သူဆိုရင် Smoker ရွေးပါ
ဆေးလိပ်မသောက်တဲ့သူဆိုရင် No Smoker
ကိုရွေးပေးပါ။
အားလုံးပြီးသွားရင်တော့ အောက်ဆုံးက
Check Your Death Clock ဆိုတဲ့နေရာကို
Click  နှိပ်ပေးလိုက်ပါ။
Tab နောက်တစ်မျက်နှာကိုရောက်သွား
ပါမယ်။အဲ့ဒိမှာ-
Your Personal Day of Death is...
ဆိုတဲ့အောက်မှာတော့ မိမိသေရမယ့်-
နေ့၊လ၊ရက်၊ခုနှစ်၊စတာတွေကို ဖော်ပြပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။
နောက်ပြီး-Seconds left to Live...
ဆိုတဲ့နေရာမှာ မိမိလူ့ပြည်မှာဆက်လက်
အသက်ရှင်ဖို့ ဘယ်နှစ်နာရီမျှပဲ နေရတော့
မယ်ဆိုတာကိုပါ ဖော်ပြပေးထားတာကို
ထပ်မံတွေ့မြင်ရပါလိမ့်မည်။

-တစ်ခုရှိတာက လူတစ်ယောက် ဘယ်အချိန်
သေမှာလည်း ဆိုတာကို သိဖို့ဆိုတာက
အင်မတန်ခဲယဉ်းတဲ့ကိစ္စမျိုးပါ။မဖြစ်နိုင်တဲ့
ကိစ္စမျိုးလို့ပြောလို့လည်းရတာပေါ့လေ။
ကျနော်တို့ရဲ့ ကိုးကွယ်အားထားရာဖြစ်တဲ့
ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်တော်တောင်မှ
ပုထုဇဉ်လူသားတို့ကို ဘယ်နေ့ဘယ်အချိန်
သေဆုံးရမည် လို့ဆိုတဲ့ ဟောကိန်းမျိုး တရားတော်မျိုး ထုတ်ခဲ့ ဟောခဲ့ဖူးတာမျိုး
မရှိခဲ့ပါဘူး။
အဲ့ဒိတော့ အခုဒီတွက်ချက်စစ်ဆေးကြည့်မှု
ဟာ ကွန်ပြူတာနည်းပညာ တွက်ချက်မှုမျိုး
သာဖြစ်ပါတယ်။
ကွန်ပြူတာဆိုတာကလည်း လူသားက တီထွင်ထားတာပဲဖြစ်ပါတယ်။အဲ့ဒိတီထွင်ခဲ့တဲ့ လူသားတွေဆိုကကော သူတို့ကိုယ်သူတို့
ဘယ်နေ့သေမှာလည်းဆိုတာကိုမှာမဟုတ်
ပါဘူး။အဲ့ဒိတော့ အမှန်လို့လည်းယူဆလို့မရ
နိုင်သလို၊မမှန်ဘူးလို့လည်း ပြောဖို့လွယ်နိုင်ပါ
ဘူး။ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကံ ကံ၏အကျိုး
ကြောင့် အသက်ရှင်နေထိုင်ရဆဲကာလဖြစ်တဲ့
လူ့ဘဝရဲ့ အားလပ်တဲ့အချိန်ခဏမျိုးလေးမှာ
အပျင်းပြေသဘောမျိုးပဲဖြစ်ဖြစ်၊တကယ်
သိချင်လို့ပဲဖြစ်ဖြစ်၊သိချင်လို့ စစ်ဆေးတွက်စစ်
ကြည့်လို့ရအောင် ဒီ post လေးကို ရေးသား
တင်ဆက်လိုက်ရခြင်း ဖြစ်ကြောင်းပြောကြား
ရင်းနဲ့ "မိမိဘယ်နေ့သေမှာလည်း" ဆိုတဲ့
ပို့စ်လေးကို ဒီနေရာမှာပဲ နိဂုံးချုပ် အဆုံးသတ်
လိုက်ရပါပြီ။

      အဆင်​​ပြေ ပါ​စေ။
                     ကို​ဇော်​သွင်​(နည်းပညာ)

https://m.facebook.com/?_rdr#!/profile.php?id=187700948034339&__user=100004580891372

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -