- Back to Home »
- pdf »
- ★ Huawei G610-U00 ဖုန်းအား CWM(clock work mode)recovery တင်နည်းနှင့် အော်ရဂျင်နယ် Stock recovery ပြန်ထားနည်း
★ Huawei G610-U00 ဖုန်းအား CWM(clock work mode)recovery တင်နည်းနှင့် အော်ရဂျင်နယ် Stock recovery ပြန်ထားနည်း
"♨✔ Huawei G610-U00 အတွက် CWM Recovery(English) နှင့် Stock Recovery သွင်းနည်း"♨ ✔
(Credit To Amara Super)
Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။
recovery.img ကို...apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့...ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်တီးထားတာပါ။
အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတာက့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ...firmware ကို dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+power
ကိုနှိပ်လိုက်တဲ့အခါမှာ.....cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်...stock recovery ကို...ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။
အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို...ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။ G610 ရဲ့အခြား build number တွေမှာ...ရမရကိုတော့...ပျက်မှာမပူဘူးဆိုရင်...စမ်းကြည့်နိုင်ပါတယ်..။
ထုံးစံအတိုင်း..ဒီpost ကို...အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး...လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့....တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။
ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။
★ Mobileuncle Tool apk အားဒေါင်းရန်★
G610-U00 CWM recovery zip အားဒေါင်းရန်
ဒေါင်းပြီးသွားရင်...recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို install လုပ်ပါ။install လုပ်ပြီးသွားရင်
Mobileuncle Tools apk ထဲကိုဝင်ပါ။
အောက်မှာပြထားတဲ့ အဆင့်တွေအတိုင်း
လုပ်ဆောင်ပါ။
အဆင့်(၁)
recovery update ဆိုတဲ့နေရာကို ရွေးပေးလိုက်ပါ။
အဆင့်(၂)
recovery file in sd card ထဲက recovery.img ကို ရွေးပေးလိုက်ပါ။
အဆင့်(၃)
Are sure flash recovery ဆိုတာပေါ်လာရင်
ညာဘက်က ok ဆိုတဲ့နေရာကို နှိပ်ပေးလိုက်ပါ။
အဆင့်(၄)
Into recovery mode ဆိုတဲ့ စာသားပေါ်လာရင် ညာဘက်က ok ဆိုတဲ့ နေရာကို နှိပ်ပေးလိုက်ပါ။
နောက်ဆုံးအဆင့်(၄)မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်...reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။
ဒါဆိုရင် cwm တင်လို့ပြီးပါပြီ။
cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့..အောက်မှာချ
ပေးထားတဲ့ G610-U00 Stock recovery installer zip ဖိုင်ကိုဒေါင်းပြီး CWM ထဲဝင်ကာ ဒီ G610-U00 Stock recovery installer ဆိုတဲ့ zip ဖိုင်လေးကို
Flash ပေးလိုက်ယုံနဲ့ အော်ရဂျင်နယ် Stock recovery ကိုပြန်တင်နိုင်မှာဖြစ်ပါတယ်။
★ G610-U00 Stock recovery installer လင့်ခ်★
အဆင်ပြေ ပါစေ။
အကို ကျနော့့်ဖုန်းမှာအဆင်မပြေလို့ တခြားနည်းရှိသေးလားခင်ဗျ ကျနော့့်မှာကအကိုပုံမှာပြထားတဲ့အတိုင်းအားလုံးရောက်တယ် cwm ထဲရောက်မသွားဘူးခင်ဗျ Android recovery system ဆိုတာကိုပဲပြန်ေ၇ာက်နေတယ် အကြိမ်ကြိမ်စမ်းပြီးပါပြီ
အကို ကျနော့့်ဖုန်းမှာအဆင်မပြေလို့ တခြားနည်းရှိသေးလားခင်ဗျ ကျနော့့်မှာကအကိုပုံမှာပြထားတဲ့အတိုင်းအားလုံးရောက်တယ် cwm ထဲရောက်မသွားဘူးခင်ဗျ Android recovery system ဆိုတာကိုပဲပြန်ေ၇ာက်နေတယ် အကြိမ်ကြိမ်စမ်းပြီးပါပြီ