Posted by : Unknown Sunday, December 1, 2013

image

မြန်မာစာ မှန်စေတဲ့ FEPFZ ဗားရှင်းအသစ်​ 2.1 ထွက်လာပါပြီ.

★ Android မှာ ခုတလော မြန်မာစာနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများကြီးကြုံတွေ့နေရပြီး အဲဒီပြဿနာကို ဖြေရှင်းဖို့ Developer တွေကလည်း နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြတာကိုတွေ့ရပါတယ်.. ခု မြန်မာစာထည့်တာမှာ အမှန်ကန်ဆုံးနဲ့ အဆင်အပြေဆုံးလို့ ဆိုနိုင်တဲ့ apk တစ်ခု ခေတ်စားနေပါတယ်.. fepfz ဖြစ်ပါတယ်.. fepfz ဆိုတာကတော့ Font Engine Patcher For Zawgyi ဆိုတဲ့အဓိပ္ပါယ်ပါလို့ fepfz ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖေါ်ပြထားပါတယ်.. ခု fepfz ရဲ့ ဗားရှင်းသစ် 2.1 ထွက်လာပါပြီ။

fepfz v2.1.apk မြန်မာစာ မမှန်သေးတဲ့ ဖုန်းတွေအားလုံးအတွက် apk ပါ။

ပထမဦးစွာ မြန်မာ Developer Ko Kyaw Zaw Naing ကို အထူးကျေးဇူးတင်ရှိပါသည်

fepfz (Updated to Version 2.1)

Fepfz.apk ကိုအသုံးပြု ဖို့ မိမိဖုန်းမှာ Root access ရှိဖို့ လိုအပ်ပါတယ် ။

ဖုန်းရဲ့ system file များကို ပြင်ဆင်မှာဖြစ်တဲ့ အတွက် Contact နဲ့  သိမ်းလိုသည်များကို 
Backup လုပ်ထားစေလိုကြောင်းတိုက်တွန်းပါသည် ။

အရင်က Version 2 နဲ့ patch လုပ်ထားတဲ့သူတွေ unpatch ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး patch လုပ်ရပါမယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။ အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။ အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ (Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။ ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။

- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်
- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်
- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်
- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်
- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်
အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။

 
ကျွန်တော့်ရဲ့ email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက် အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။ ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် reply မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 
dr.kyawzawnaing@gmail.com ထဲသို့ MecTel 800 MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support လုပ်ပေးကြသူများ၊ email, facebook တို့ထဲသို့ message များ post များဖြင့် ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့ အစမ်းသပ်ခံ အရင်းနှီးဆုံးသူငယ်ချင်းများနဲ့ အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
 

Fepfz.apk အသုံးပြု ခဲ့ပြီး အဆင်ပြေခဲ့သောဖုန်းများ ....

Xperia SP,Z,Z1 Huawei C8813,C8813D, P6,Y300,G610 , Motorola XD928 , Samsung Note 2, Glaxy Grand , Z1 , galaxy s3 mini , S Advance , 610 cdma , Sp , c8815 , G520 , Note10.1 N8000 , galaxy tab 3 , samsaung tab2 , g610 u00 , Xperia Z , sony , p6-c00 4.2 , galaxy s3 , Note 8.0 ,

အသုံးပြု ပုံ

Agree နိုပ်ပေးပါ ...

Got it ဆက်၍ ...

( Root access တောင်းပါမည် Agent နိုပ်ပေးပါ )

Patch & Reboot ...

မိမိဖုန်း ပါဝါပြန်တက်လာလျင် မြန်မာစာမှန်ကန်စွာမြင်တွေနိုင်ပါပြီ ... :)

မှုရင်း Fepfz ရဲ့ ဆိုက်ပါ >>>> https://www.facebook.com/fepfz?ref=stream&hc_location=stream


fepfz v2.1 apk အား ​အောက်​ လင့်​ခ်​ မှ​ဒေါင်းယူပါ။

♥ dropbox လင့်​ခ်​မှ ​ဒေါင်းယူရန်​♥

♥ Dev-Host လင့်​ခ်​မှ ​ဒေါင်းယူရန်​♥


အဆင်​​ပြေ ပါ​စေ။

fb-comments

နောက်​ဆုံးတင်​သည့်​ပို့စ်​များ

My Blogger TricksAll Blogger TricksAll Blogging Tips
  

★​​ဒေါင်းလုပ်​ယူနည်း★

ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။

ဖန်​တီးမျှ​ဝေသူများ

Facebook တွင် Like လုပ်၍အားပေးပါဦး

လာလည်နေသူများ

Popular Post

Labels

Blog Archive

Powered by Blogger.

- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -