- Back to Home »
- Yandex Mail »
- ✔ Yandex Mail အကြောင်းနှင့် အကောင့်န်လုပ်နည်း
★ Yandex Mail★
ဆိုတဲ့ မေးလ်ဆားဗစ် တစ်ခုအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
အခုဒီ Yandex Mail ဟာဆိုရင် Service တော်တော်များများက လက်ခံအသိအမှတ်ပြု ပေးခြင်းခံရတဲ့ Mail ပါပဲ။Google Mail ပုံစံမျိုးပါပဲ။
အကောင့်န်ပြုလုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။mobile ဖုန်းနဲ့ကော၊
computer နဲ့ကော အကောင့်န်ပြုလုပ်လို့ရရှိစေနိုင်မှာပါ။
free mail လုပ်လို့ရတယ်ဆိုပြီးအထင်မသေး လိုက်နဲ့နော်။အကောင့်န်ပြုလုပ်ရရှိပြီးရင် အဲ့ဒိအကောင့်န်ကို ရာသက်ပန် အသုံးပြုလို့ရစေတာပါပဲ။Google Mail လိုပါပဲ။
အဲ..တစ်ခုပိုကောင်းတာကတော့ အခုဒီ
Yandex Mail နဲ့ ကျုပ်တို့ Facebook အကောင့်န်အသစ် ပြုလုပ်တဲ့အခါမှာ ဖုန်းနံပါတ်တောင်းခြင်း Locked ကျခြင်းမျိုး
လုံးဝမရှိပဲ အဆင်ပြေပြေနဲ့ Facebook အကောင့်န်သစ်တစ်ခုကို ဖန်တီးရယူနိုင်မှာပါပဲ။
အဲ့ဒိတော့ ဖေ့ဘွတ်အကောင့်န်သစ်ဖွင့်ရာမှာပါ ဒီ yandex mail က အကူညီပေးပါတယ်။
တစ်ခြားလုပ်ဆောင်ချက် features တွေကလည်း gmail လိုပါပဲ။အတူတူပဲ။
တော်တော်များများ services တွေလက်ခံပေးပါတယ်။
၁။google
၂။twitter
၃။dropbx
၎။microsoft account services
နဲ့တော်တော်များများ supported လုပ်ပေးနိုင်ပါတယ်။
features တွေလည်းတော်တော်ပါဝင်ပါတယ်
မေးလ် ပို့နိုင်ခြင်း၊photo၊video၊attch၊file
စတာတွေပေးပို့နိုင်ခြင်း၊chatting ထိုင်နိုင်ခြင်း၊ group chat ပြုလုပ်နိုင်ခြင်း၊အစရှိသဖြင့် တော်တော် အသုံးပြုလို့ ရတာကိုလည်းတွေ့ရပါတယ်။
ကဲ..မထူးတော့ပါဘူး! တဆက်တည်း register ပြုလုပ်ပုံကို အခုတစ်ခါထဲ ပြောပြ
ပေးသွားမယ်ဗျာ။ဘယ်လိုလည်း? သဘောတူလား?.....
ဟုတ်ကဲ့...သဘောတူတယ်ဆိုရင် register
ပြုလုပ်နည်း စလိုက်ရအောင်ဗျာ။
ဒီ post လေးကို စာအုပ်အဖြစ် ယူထားလိုပါက အောက်က လင့်ခ် မှာဒေါင်းယူထားလိုက်ပါ။
★ စာအုပ်ဒေါင်းရန် Download လင့်ခ်★
★ Yandex Mail အား Register Account
ပြုလုပ်ခြင်း ★
Computer နဲ့ အကောင့်န်ပြုလုပ်မယ်ဆိုရင်
အောက်ကဒီလင့်ခ်ကို click ပြီး သွားလိုက်ပါ
https://passport.yandex.com/passport?mode=auth&retpath=https%3A%2F%2Fmail.yandex.com%2Ftouch%2F
အခုလောလောဆယ်တော့ Laptop မရှိသေးလို့်  ဖုန်းနဲ့အကောင့်ပြုလုပ်ပုံကိုပဲ
ဆက်လက်တင်ပြ ပေးသွားပါမယ်။
mobile(android) ဖုန်းနဲ့ပြုလုပ်ရန်အတွက်
Yandex Mail Apk ကို အောက်ကချပေးထားတဲ့ လင့်ခ် ကနေ အရင်ဆုံး ဒေါင်းလုပ်ယူလိုက်ပါ။
★ Yandex Mail Apk အားဒေါင်းယူရန် Dropbox လင့်ခ်★
(သို့မဟုတ်)
Mediafire လင့်ခ် မှ ယူရန်
★ Mediafire လင့်ခ် မှဒေါင်းယူရန်★
ဒေါင်းပြီးသွားရင် ဆော့ဖ်ဝဲ ကို install မောင်းတင်ပါ။
ပြီးရင် ဆော့ဖ်ဝဲ ထဲ ဝင်လိုက်ပါ။အင်တာနက်
လိုင်းရှိထားရပါမယ်။အကောင့်န်လုပ်မှာ
ဆိုတော့။
ဆော့ဖ်ဝဲ ထဲဝင်လိုက်ပြီဆိုရင် register လုပ်ဖို့
အတွက် ဘယ်ဘက်အောက်ဆုံးဒေါင့်နားက
register ဆိုတဲ့ စာသားနေရာလေးကို click
နှိပ်လိုက်ပါ။
နောက်တမျက်နှာမှာ First name နဲ့ Surname ဖြည့်ပေးရပါမယ်။
ဥပမာ-(အချစ်ဆုံးနှင်း) ဆိုရင်
First နေရာမှာ(အချစ်ဆုံး)
Surname နေရာမှာ(နှင်း)
ဆိုပြီးဖြည့်ပေးရပါမယ်။
မြန်မာလိုလည်းရတယ်။အဂ်လိပ်လိုလည်းရတယ်။ကိုရီးယားလိုလည်းရတယ်။
ဘာသာစကားကန့်သတ်ချက်မရှိပါဘူး။
ဖြည့်ပြီးရင် အောက်က အစိမ်းရောင်လေးနဲ့
NEXT ဆိုတာကို ထပ်နှိပ်ပေးပါ။
နောက်တမျက်နှာမှာ ကိုယ်လုပ်မယ့် မေးလ်
လိပ်စာနာမည် username ဖြည့်ပေးရမှာပါ။
××××××××@yandex.com
ကိုယ်လုပ်ချင်တဲ့ နာမည်ဖြည့်ပေးလိုက်ပါ။
ကျုပ်လုပ်ထားတဲ့ အကောင့်န်ကတော့
kozawthwin@yandex.com
ဖြစ်ပါတယ်။
နောက်တမျက်နှာမှာ create a password
ဆိုပြီးပေါ်လာပါမယ်။
အဲ့ဒိမှာလည်း ကိုယ်ထားချင်တဲ့ password ကို ထည့်ပေးပါ။အပေါ်ကအကွက်အတိုင်းဖြည့်ခဲ့တဲ့ password ကို အောက်ကအကွက်မှာ အတူတူ ပြန်ရိုက်ထည့်ပေးပါ။၂ကြိမ်အတူတူ
ရိုက်ဖြည့်ပေးရတဲ့ သဘောမျိုးပါ၊
နောက်တမျက်နှာမှာ security question
ထားပေးရပါမယ်။တကယ်လို့ password မေ့သွားခဲ့ရင် အကောင့်န်ပြန်ယူနိုင်ဖို့် အတွက်
security question နဲ့ answer ကိုပြန်ဖြေပေးလိုက်ရင် အကောင့်န်ပြန်ရပါမယ်။
အဲ့ဒိမှာ နှစ်သက်ရာ question တစ်ခုကိုရွေး
ပြီး၊answer ကိုဖြည့်ပေးလိုက်ပါ။question နဲ့ answer မှာဖြည့်ခဲ့တာကိုလည်း ပြန်မှတ်ထား
ပါ။password မေ့နေခဲ့ရင် ပြန်ဖြေရအောင်ပါ။
နောက်တမျက်နှာမှာ
User Agreement For Yandex Services
ဆိုပြီးပေါ်လာပါမယ်။
ဟိုးအောက်ဆုံးက အစိမ်းရောင်စာသားနဲ့
Agree ဆိုတဲ့ button ကို နှိပ်ပေးလိုက်ပါ။
နောက်တမျက်နှာမှာ Digits ဂဏန်းခြောက်လုံးဖြည့်ခိုင်းပါမယ်။လေးထောင့်အကွက်လေးထဲမှာ သူပြထားတဲ့ Digits ဂဏန်းကို အောက်က text box နေရာထဲမှာ
ကူးဖြည့်ပေးလိုက်ပါ။
ပြီးရင်အောက်က Next ဆိုတာကို နှိပ်လိုက်ပါ
နှိပ်ပြီးသွားရင် နောက်တမျက်နှာမှာ
logging into mail
ဆိုပြီး setup လုပ်နေပါလိမ့်မယ်။
ခဏကြာရင် Home page ပေါ်လာပြီး
Yandex Mail အကောင့်န်တစ်ခုကို
အောင်မြင်စွာနဲ့ သင်ပိုင်ဆိုင်ရရှိသွားပါပြီ
ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့
Yandex Mail အကြောင်းနဲ့ Account Register ပြုလုပ်ပုံကို နိဂုန်းချုပ်၍ အဆုံးသတ်လိုက်ရပါပြီ။
အောက်မှာ register လုပ်နည်းကို ပုံနှင့်တကွ ပြသပေးထားပါတယ်။
အဆင်ပြေ ပါစေ။
ကိုဇော်သွင်(နည်းပညာ)
Thanks ,,,
mailတော့ရပီဗျို့
facebookအကောင့်ဖွင့်တဲ့အခါမှာ
confrim လုပ်ဖို့စာပြန်မပို့ဘူးဖြစ်နေတယ်
ဗျ။ကူညီပါဦး